ကိုလံဘီယာနိုင်ငံတွင် စစ်လေယာဉ်နှစ်စင်းတိုက်မိပြီး လေယာဉ်မှူးတစ်ဦး သေဆုံး
Pika (NSS) - ဇူလိုင် ၂
ကိုလံဘီယာလေတပ်မှ T-27 Tucano အမျိုးအစားလေယာဉ်နှစ်စင်းသည် ဇူလိုင်လ(၂)ရက်က Apiay လေတပ်စခန်းအနီး၌ လေ့ကျင့်ပျံသန်းမှုများလုပ်ဆောင်နေစဉ်အချိန်အတွင်း တိုက်မိခဲ့ကြောင်း စစ်တပ်ဘက်က ပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုကြောင့် လေယာဉ်မှူး ဒုဗိုလ်မှူးကြီးတစ်ဦးသေဆုံးခဲ့ကြောင်း လေတပ်မှထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ လေတပ်က"လေယာဉ်နှစ်စင်းဘာကြောင့်တိုက်မိခဲ့တယ်ဆိုတာကို ဆုံးဖြတ်ဖို့အတွက် အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးရေးကော်မရှင် စေလွှတ်ထားပါတယ်" ဟုပြောဆိုခဲ့သည်။
ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်တစ်ခု၌ လေယာဉ်နှစ်စင်းတိုက်မိသည့်အချိန်ကို တွေ့မြင်ခဲ့ရသည်။ လေယာဉ်အများအပြားသည် တစ်စင်းနှင့်တစ်စင်းနီးကပ်စွာပျံသန်းပြီးနောက် ၎င်းတို့ထဲမှ တစ်စင်း၏ တောင်ပံသည်ပေါက်ကွဲသွားခဲ့သည်ကို အဆိုပါဗီဒီယိုဖိုင်ထဲတွင် တွေ့မြင်ခဲ့ရသည်။ ကိုလံဘီယာလေယာဉ်မှူးများသည် ဇူလိုင်လ(၂ဝ)ရက်တွင် Rionegro မြို့၌ ကျင်းပမည့် လေကြောင်းပြပွဲအတွက် လေ့ကျင့်မှုများပြုလုပ်နေစဉ်အချိန်အတွင်း ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
T-27 သည် Embraer 312 Tucano turboprop အပေါ့စားတိုက်ခိုက်ရေးလေယာဉ်၏ ဗားရှင်းအမျိုးအစားတစ်ခုဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝင်ငွေနည်းပါးသည့် ပြည်သူများအတွက် ငွေကျပ်(၃)သောင်းခွဲမှ စတင်ငှားရမ်းနိုင်သည့် “မင်္ဂလာရန်ကင်း” ပြည်သူ့အငှားအိမ်ရာစီမံကိန်း စတင်ဖွင့်လှစ်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ