ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို ကူညီစောင့်ရှောက်ရေးအတွက် နှစ်နိုင်ငံဆွေးနွေး
ယွန်း (NSS) - ဇူလိုင် ၂
ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာနိုင်ငံသာများကို ကူညီစောင့်ရှောက်နိုင်ရေးအတွက် နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ (ရွှေ့ပြောင်းလုပ်သားရေးရာ) ဒုတိယဝန်ကြီး မစ္စတာ အဲကွာဒိုဟို ဆေးဒီဗေဒဂါ နှင့်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က ပြီးခဲ့သည့် ဇွန်လ(၃ဝ)ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖိလစ်ပိုင်နိုင်ငံတွင် ရောက်ရှိနေသာ မြန်မာနိုင်ငံသားများကို ကူညီစောင့်ရှောက်ရေးအတွက်လည်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အလားတူ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သည့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အပါအဝင် ဒေသတွင်း ဆိုက်ဘာရာဇဝတ်မှုများ တိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို ပူးပေါင်းဆောင်ရွက်နိုင်ရေးကိုလည်း မြှင့်တင်ရန် နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်မှုများကြောင့် ရာထူးမှနုတ်ထွက်ဖို့ ဆုံးဖြတ်ချက် ပြန်လည်ပြောင်းလဲသွားခဲ့ကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ် ထုတ်ဖော်ပြောဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ