အကြမ်းဖက်မှုများကြောင့် ရာထူးမှနုတ်ထွက်ဖို့ ဆုံးဖြတ်ချက် ပြန်လည်ပြောင်းလဲသွားခဲ့ကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ် ထုတ်ဖော်ပြောဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၂
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ဝန်ကြီးချုပ် အမ်ဘီရမ်ဆင်းက ၎င်းအနေနဲ့ ရာထူးက နုတ်ထွက်ဖို့ အစောပိုင်းက ဆုံးဖြတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ မေလ ၃ ရက်က Meitei လူမျိုး နဲ့ Kuki လူမျိုးများအကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားလာခဲ့ပြီးနောက် ဝန်ကြီးချုပ် ဘီရမ်ဆင်းဟာ ဖိအားတွေအောက်ရောက်ရှိနေခဲ့ကြောင်းသိရပါတယ်။ လူမျိုးနှစ်ခုကြားဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အနည်းဆုံးလူပေါင်း ၁ဝဝ ကျော် သေဆုံးထားသလို ဈေးဆိုင်များ၊ အိမ်များ မီးရှို့ဖျက်ဆီးခံရမှုတွေရှိနေခဲ့ကြောင်းသိရပါတယ်။ အဆိုပါအကြမ်းဖက်မှုများအပေါ် ဝန်ကြီးချုပ် ဘီရမ်ဆင်းဦးဆောင်တဲ့ မဏိပူရပြည်နယ်အစိုးရရဲ့ကိုင်တွယ်ဖြေရှင်းများအပေါ် အတိုက်ခံအုပ်စုများက ဝေဖန်ပြစ်တင်ခဲ့ကြောင်းသိရပါတယ်။
ဝန်ကြီးချုပ်က "ကျွန်တော်ဟာ ပြည်နယ်အတွင်းဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ရာထူးကနုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်အချို့ကိစ္စတွေကြောင့် ရာထူးကနုတ်ထွက် ဖို့မဆုံးဖြတ်ခဲ့တာပါ" လို့ ပြောပါတယ်။
အတိုက်အခံအုပ်စုတွေဟာ ဘီရမ်ဆင်းကို ရာထူးကနုတ်ထွက်ဖို့တောင်းဆိုမှုတွေမြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ၎င်းက "ကျွန်တော်ဟာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် (၆)နှစ်ကြာတာဝန်ယူခဲ့တယ်။ ပြည်သူတွေရဲ့ယုံကြည်မှုအမှန်တကယ် ဆုံးရှုံးခဲ့ပြီလားဆိုတာ သံသယဖြစ်မိတယ်။ ကျွန်တော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လူနည်းစုက ကျွန်တော့်ကို ဆဲဆိုရိုင်းစိုင်းဖူးတဲ့ ဈေးကို ပြန်သွားခဲ့တာပါ။ ဒါပေမယ့် ဘာမှမဖြစ်တော့ဘူး၊ ကျွန်တော်အတွက်လည်းစိတ်ခံစားမှု ကောင်းမွန်နေခဲ့တယ်။ ဒါကြောင့် ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူဖို့ ပြန်ဆုံးဖြတ်ခဲ့တာပါ"လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူများ ရယ်မောပျော်ရွှင်ရေး စွမ်းဆောင်ပေးခဲ့သော သက်ကြီးလူရွှင်တော်များအတွက် ကန်တော့ပွဲ ကျင်းပမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ