မြန်မာနိုင်ငံ၌ သေးငယ်သော အဏုမြူဓါတ်ပေါင်းဖိုများ အသုံးပြုနိုင်ရေး မြန်မာ နှင့် ရုရှားဆွေးနွေး
Khit (NSS) - ဇူလိုင် ၂
မြန်မာနိုင်ငံတွင် အသေးစား အဏုမြူ ဓါတ်ပေါင်းဖို (SMR) များ အသုံးပြုနိုင်ရေးအတွက် မြန်မာအစိုးရနှင့် ရုရှား ROSATOM အဖွဲ့မှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ROSATOM တို့ ပူးပေါင်းဆောင်ရွက်သည် သိပ္ပံပွဲတော် ၂ဝ၂၃ (Science Festival 2023) ၌ ROSATOM မှ တာဝန်ရှိသူတစ်ဦးက အထက်ပါအတိုင်း တင်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါ သိပ္ပံပွဲတော် ၂ဝ၂၃ (Science Festival 2023)အား ရန်ကုန်မြို့ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယား နည်းပညာသတင်းအချက်အလက် စင်တာတွင် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်မှ ၃ဝ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။
၎င်းက မြန်မာနိုင်ငံရှိ လျှပ်စစ်ဓါတ်အားလိုအပ်မှုနှုန်းအပေါ်မူတည်ပြီး SMR ဓါတ်ပေါင်းဖိုများ သို့မဟုတ် SMR ထက်ကြီးသော ဓါတ်ပေါင်းဖိုများကို တင်သွင်းသွားရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ရှိနေကြောင်းလည်း ထပ်မံပြောကြားခဲ့သည်။
SMR သည် Small Modular Reactor ဟုခေါ်သည့် သေးငယ်သော အဏုမြူဓါတ်ပေါင်းဖိုများဖြစ်ပြီး အဆိုပါ ဓါတ်ပေါင်းဖိုများမှတစ်ဆင့် လျှပ်စစ်ဓါတ်အားထုတ်လွှတ်ပေးနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အားရရှိရန် လေအား ၊ ရေအား နှင့် နေရောင်ခြည်စွမ်းအင်တို့ လိုအပ်မည်မဟုတ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ ROSATOM မှ တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ National Research Nuclear University MEPhI (Moscow Engineering Physics Institute)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို ကူညီစောင့်ရှောက်ရေးအတွက် နှစ်နိုင်ငံဆွေးနွေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ