မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးသည် အိန္ဒိယရဲ့အဓိက ဦးစားပေးဖြစ်တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၂
မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး နဲ့ မြန်မာပြည်သူများ သုခချမ်းသာရရှိရေးဟာ အိန္ဒိယနိုင်ငံရဲ့ အဓိကဦးစားပေးဖြစ်တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့အမြဲတမ်းအတွင်းဝန် Giridhar Aramane ဟာ အိန္ဒိယ နဲ့ မြန်မာနယ် စပ်ဒေသဖြစ်တဲ့ မဏိပူရပြည်နယ်မှာ လူမျိုးရေးအကြမ်းဖက်မှုများဖြစ်ပွားလာခဲ့ပြီးနောက် မြန်မာနိုင်ငံကို ဇွန်လ ၃ဝ ရက်ကနေ ဇူလိုင်လ ၁ ရက်အထိသွားရောက်ခဲ့ပြီး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အိန္ဒိယ ကာ ကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့အဆိုအရ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့အမြဲတမ်းအတွင်းဝန်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးအပါအဝင် နစက အဖွဲ့တာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။
အိန္ဒိယ နဲ့ မြန်မာနိုင်ငံတို့ဟာ နှစ်နိုင်ငံနယ်နိမိတ် ကီလိုမီတာ ၁၇ဝဝ ကျော် ထိစပ်နေတဲ့နိုင်ငံတွေဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေက မြန်မာ နဲ့ အိန္ဒိယနယ်စပ်ဒေသကို တိုက်ရိုက် သက်ရောက်မှု ရှိနေတယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အိန္ဒိယအမြဲတမ်းအတွင်းဝန်ဟာ နစကတာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံနယ်စပ် တရားမဝင် ဖြတ်ကျော်မှုများအပြင် မူးယစ်ဆေးဝါး နဲ့ မှောင်ခိုကုန်ကူးမှုကိစ္စတွေ အပါအဝင် နှစ်နိုင်ငံနယ်စပ် ကိစ္စများကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် တစ်ဖက်နိုင်ငံ အန္တရာယ်ဖြစ်စေနိုင်တဲ့ လုပ်ရပ်များလုပ်ကိုင်နေတဲ့သူတွေအား သက်ဆိုင်ရာ နိုင်ငံနယ်နိမိတ်တွေကို အသုံးချခွင့်မပြုဖို့ နှစ်ဖက်စလုံးကထပ်မံ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။မြန်မာ နိုင်ငံမှာအာဏာရယူမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံဘက်ခြမ်းမှာသွားရောက်နေထိုင်နေတဲ့ မြန်မာနေရပ်စွန့်ခွာသူဦးရေ ထောင်ချီရှိနေတယ်လို့ အိန္ဒိယအစိုးရ တာဝန်ရှိသူများကပြောဆိုခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၌ သေးငယ်သော အဏုမြူဓါတ်ပေါင်းဖိုများ အသုံးပြုနိုင်ရေး မြန်မာ နှင့် ရုရှားဆွေးနွေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ