UNESCO အဖွဲ့ဝင်နိုင်ငံအဖြစ် သုံးကြိမ်မြောက်ပြန်ဝင်မယ့် အမေရိကန်နိုင်ငံကို တရုတ်အစိုးရဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - ဇူလိုင် ၂
တရုတ်နိုင်ငံဟာ ကုလသမဂ္ဂ ပညာရေး၊ ယဉ်ကျေးမှု နဲ့ သိပ္ပံ ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNESCO အဖွဲ့ကို အမေရိကန်နိုင်ငံက တစ်ကျော့ပြန်ဝင်မှာကို ကန့်ကွက်မဲပေးခဲ့ကြောင်းသိရပါတယ်။
UNESCO ဆိုင်ရာ တရုတ်သံတမန်က "UNESCO အဖွဲ့ကို အမေရိကန်နိုင်ငံ ပြန်ဝင်ခြင်းဟာ ပူးပေါင်းဆောင်ရွက်မှုများနဲ့ ငြိမ်းချမ်းမှုများပိုမိုကောင်းမွန်အောင်လုပ်ဆောင်ခြင်းထက် အဖွဲ့အတွင်း ထိပ်တိုက်တွေ့ဆုံမှုဖြစ်အောင်လုပ်ဖို့ အလားအလာပိုများကြောင်း ဝေဖန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်လက်ခံသင့်၊ မသင့်ဆိုတဲ့အချက်ကို အဖွဲ့ဝင်နိုင်ငံများကြား မဲပေးဆုံးဖြတ်ခဲ့ရာ တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁ဝ)နိုင်ငံက ကန့်ကွက်မဲပေးခဲ့ပေမယ့် အခြားနိုင်ငံပေါင်း ၁၃၂နိုင်ငံက ထောက်ခံမဲပေးခဲ့ကြောင်းသိရပါတယ်။
တရုတ်သံတမန် ယမ်ဂျီက " UNESCO အဖွဲ့ဟာ နိုင်ငံတစ်နိုင်ငံရဲ့သြဇာလွမ်းမိုးမှုတွေကို ခုခံနေရမယ့်အစားပူးပေါင်းဆောင်ရွက်မှု နဲ့ ငြိမ်းချမ်းမှုတွေ ပိုမိုဖြစ်အောင်လုပ်ဆောင်ရမှာဖြစ်တယ်။ အမေရိကန်ဟာ အဖွဲ့ဝင်နိုင်ငံပြန်ဖြစ်လာချိန်မှာအဖွဲ့အတွင်း နိုင်ငံများကြားစိတ်ဝမ်းကွဲအောင်၊ ထိပ်တိုက်တွေ့ဆုံအောင်လုပ်မယ့်အစား ပူးပေါင်းဆောင်ရွက်မှုများ၊ စုစည်းညီညွတ်မှုများ ပိုမိုဖြစ်အောင်လုပ်ဆောင်ပေးသင့်တယ်" လို့ပြောပါတယ်။
အမေရိကန်ဟာ ၂ဝ၁၈ ခုနှစ်တုန်းက UNESCO အဖွဲ့ကနေ နုတ်ထွက်ခဲ့ဖူးကြောင်းသိရပါတယ်။ UNESCO အဖွဲ့ဝင်နိုင်ငံများဟာ ပါလက်စတိုင်းကို အဖွဲ့ဝင်နိုင်ငံအဖြစ်ထောက်ခံမဲပေးရာကနေ အစ္စရေးနဲ့ အမေရိကန်တို့ အငြင်းပွားမှုများဖြစ်ပွားခဲ့ရာ အမေရိကန်နိုင်ငံ နုတ်ထွက်ခဲ့ကြောင်းသိရပါတယ်။ အမေရိကန်ဟာ ၁၉၈၄ ခုနှစ်တုန်းကလည်းUNESCO မူဝါဒတွေကို သဘောမတူတဲ့အတွက် နုတ်ထွက်ခဲ့ဖူးပြီး ၂ဝဝ၃ ခုနှစ်နောက်ပိုင်းမှသာ အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဟာ UNESCO အဖွဲ့ရဲ့အသုံးစရိတ်အားလုံးရဲ့ ၂၂ ရာခိုင်နှုန်းကို ကူညီပံ့ပိုးပေးသွားမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ (၆၁၉)သန်း ထည့်ဝင်ပေးမယ်လို့ကတိပြုခဲ့ပါတယ်။ UNESCO အဖွဲ့ကနေ အမေရိကန်နိုင်ငံ နုတ်ထွက်သွားခဲ့ပြီးနောက် တရုတ်နိုင်ငံက အဖွဲ့အတွက် ငွေကြေးထောက်ပံ့ပေးမှုအများဆုံးလုပ်ဆောင်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသက်(၆၅)နှစ်အရွယ် အမျိုးသားတစ်ဦး ကန်တော်ကြီး ပန်းကန်လုံးကျွန်းအနီးတွင် ရေနစ်သေဆုံးမှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ