အသက်(၆၅)နှစ်အရွယ် အမျိုးသားတစ်ဦး ကန်တော်ကြီး ပန်းကန်လုံးကျွန်းအနီးတွင် ရေနစ်သေဆုံးမှုဖြစ်ပွား
သန့်ဇင် (NSS) - ဇူလိုင် ၂
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ ကန်တော်ကြီး ပန်းကန်လုံးကျွန်းအနီးတွင် အသက်(၆၅)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။
ဖြစ်စဉ်မှာ ယမန့်နေ (ဇူလိုင်လ ၁ ရက်) ၊ ညနေ ၆နာရီအချိန်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဖြစ်စဉ်ကတော့ အဲဒီမှာလူတစ်ယောက်ရေနစ်သေတယ်လို့ အစ်မတို့ကိုအကြောင်းကြားလို့ သွားဆယ်တယ်ပေါ့နော်။ မိသားစုဝင်တွေလဲ အစ်မတို့ဆယ်နေတဲ့အချိန်ရောက်လာတယ်။ ပိုင်ရှင်လဲပေါ်သွားတယ်ပေါ့နော်” ဟု မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသားသည် နံနက်ပိုင်းအချိန်တွင် အိမ်မှထွက်ခွါပျောက်ဆုံးခဲ့ကြောင်းသိရပြီး မိသားစုဝင်များလိုက်လံရှာဖွေနေစဉ် ညနေ ၅နာရီကျော်အချိန်တွင် ရေနစ်သေဆုံးသွားခဲ့သည်ကို သိရှိခဲ့ရခြင်းဖြစ် ကြောင်း အထက်ပါအသင်းက ဆိုထားသည်။
“အသက်ကတော့ (၆၅)နှစ်ပါ။ ရေနစ်သေတဲ့အမျိုးသားကိုတော့ အမတို့ရန်ကုန်ဆေးရုံကြီးကို ပို့ထားပါတယ်”ဟု ၎င်းကဆက်လက်ပြောဆိုထားသည်။
အထက်ပါ အခင်းဖြစ်ပွားရာနေရာသို့ တောင်ညွန့်ကွန်ယက်အသင်းများနှင့် မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီမှုအသင်းတို့မှ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးသည် အိန္ဒိယရဲ့အဓိက ဦးစားပေးဖြစ်တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း