နေတိုးအဖွဲ့ရဲ့နျူကလီးယား မျှဝေအသုံးပြုရေးအစီအစဉ်မှာပါဝင်လိုတဲ့ ပိုလန်အစိုးရကို ရုရှားသမ္မတဟောင်းဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - ဇူလိုင် ၂
နေတိုးအဖွဲ့ရဲ့ နျူကလီးယား မျှဝေအသုံးပြုရေးအစီအစဉ်မှာပါဝင်ဖို့ ရည်မှန်းထားတယ်ဆိုတဲ့ ပိုလန် ဝန်ကြီးချုပ်ရဲ့မှတ်ချက်စကားကို ရုရှားသမ္မတဟောင်း မက်မီဒက်ဗ့်က ဝေဖန်ပြစ်တင်လိုက်ကြောင်းသိရပါတယ်။
နေတိုးအဖွဲ့အနေနဲ့ ပိုလန်နိုင်ငံမှာ နျူကလီးယားလက်နက်များဖြန့်ကြတ်ချထားမယ်ဆိုရင် ရုရှားနိုင်ငံကို နျူကလီးယားလက်နက်များအသုံးပြုလာအောင် တွန်းအားပေးသလိုဖြစ်စေနိုင်တယ်လို့ ရုရှား လုံခြုံရေးကောင်စီ ဒုတိယအကြီးအကဲ မက်ဗီဒက်ဗ့်ကသတိပေးလိုက်ပါတယ်။ ၎င်းက "ပိုလန်နိုင်ငံမှာ နျူကလီးယားလက်နက်များ ဖြန့်ကြတ်ချထားဖို့ တောင်းဆိုချက်ဟာ အလွန်အန္တရာယ်ရှိတယ်"လို့ပြောပါတယ်။
ရုရှားနိုင်ငံဟာ ၎င်းရဲ့နျူကလီးယားလက်နက်တွေကို ဘီလာရုစ့်နိုင်ငံမှာဖြန့်ကြတ်ချထားဖို့ စီစဉ်နေချိန်မှာ ပိုလန်ဝန်ကြီးချုပ်ကလည်း နေတိုးအဖွဲ့ရဲ့နျူကလီးယား လက်နက်များ မျှဝေအသုံးပြုရေးအစီအစဉ်မှာပါဝင်ဖို့ ကြိုးပမ်းမယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဂျွန်ကာဘိုင်က ပိုလန်နိုင်ငံအနေနဲ့ နေတိုးအဖွဲ့ရဲ့နျူကလီးယားမျှဝေအသုံးပြုရေးအစီအစဉ်မှာပါဝင်ဖို့ စီစဉ်နေတဲ့ သတင်းမျိုးမကြားရသေးကြောင်းပြောပါတယ်။ ရုရှားဟာ ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက်များအသုံးပြုဖွယ်ရှိတယ်လို့ မထင်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့ပါတယ်။
ရုရှားဟာ ဘီလာရုစ့်သမ္မတရဲ့တောင်းဆိုချက်အရ ဘီလာရုစ့်နိုင်ငံမှာ နျူကလီးယားလက်နက်များ ဖြန့်ကြတ်ချထားသွားမယ်လို့ မတ်လတုန်းက ကြေညာခဲ့ဖူးပါတယ်။ ရုရှားဟာ နျူကလီးယားထိပ်ဖူးတပ် ပစ်လွှတ်နိုင်တဲ့ Iskander ပဲ့ထိန်းဒုံးကျည်များအပြင် အထူးပြုလုပ်ထားတဲ့ လက်နက်များကိုတင်ဆောင်နိုင်စွမ်းရှိတဲ့ စစ်ဘက်သုံးလေယာဉ်တွေကို ပြန်လည်ပြင်ဆင်ပေးသွားမှာဖြစ်ကြောင်း ဆိုပါတယ်။ ရုရှားသမ္မတက ၎င်းတို့အနေနဲ့ ဘီလာရုစ့်နိုင်ငံကို နျူကလီးယားထိပ်ဖူးတစ်လုံး စတင်လွှဲပြောင်းပေးလိုက်ပြီးကျန်ရှိနေတဲ့ နျူကလီးယားထိပ်ဖူးတွေကို ဒီနှစ်အကုန်မှာ လွှဲပြောင်းပေးသွားမှာဖြစ်ကြောင်း ဇွန်လ ၁၆ ရက်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုး-သီပေါ ပြည်ထောင်စုလမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသမီးတစ်ဦးသေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ