လားရှိုး-သီပေါ ပြည်ထောင်စုလမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသမီးတစ်ဦးသေဆုံး
သန့်ဇင် (NSS) - ဇူလိုင် ၂
ရှမ်းပြည်နယ်၊ လားရှိုး-သီပေါ ပြည်ထောင်စုလမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံး၍ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇူလိုင်လ ၂ ရက်)၊ နံနက် ၆နာရီ ၃၈မိနစ်အချိန်တွင် လားရှိုးမြို့နယ်၊ လားရှိုး-သီပေါ ပြည်ထောင်စုလမ်းမကြီး၊ စံဖြတ်ကျေးရွာအဝင်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသမီးသည် နမ့်အွန်ကျေးရွာမှဖြစ်ပြီး လက်ရှိတွင် အဆိုပါအသင်းယာဉ်ဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပို့ဆောင်ထားကြောင်းသိရသည်။
“အမျိုသားတစ်ဦးတော့ ထိခိုက်မှုရှိပါတယ်၊ အခြားထိခိုက်ပျက်စီးမှုတွေတော့မရှိပါဘူး။ သူ့ကိုလည်း လားရှိုးပြည်သူ့ဆေးရုံကြီးကိုပို့ထားပါတယ်”ဟု လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားသားကို နောင်မွန်လူငယ်ပရဟိတအသင်းမှ လားရှိုးပြည်သူဆေးရုံကြီး အရိုးကုသဆောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး၌ ယာဉ်ထိန်းရဲဒုတပ်ကြပ်တစ်ဦး သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခံခဲ့ရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း