ဆူပူအကြမ်းဖက်မှုများ အရှိန်မြင့်တက်လာတဲ့အတွက် ဂျာမနီနိုင်ငံကိုသွားရောက်မယ့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပြင်သစ်သမ္မတပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၂
ပြင်သစ်သမ္မတမက်ခရွန်ဟာ ဂျာမနီနိုင်ငံကို သွားရောက်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရကြောင်းသိရပါတယ်။
ပြင်သစ်နိုင်ငံမှာ လူမည်းလူငယ်တစ်ဦးကို ပြင်သစ်ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ပြီးနောက် အကြမ်းဖက်ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိနေတဲ့အတွက် ပြင်သစ် သမ္မတဟာ ဂျာမနီနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။ မက်ခရွန်ဟာ ဂျာမနီနိုင်ငံကို ဇူလိုင်လ ၂ ရက်ကနေ ၄ ရက်အထိ သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် ပြင်သစ်နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ဆူပူအကြမ်းဖက်မှုများက အေးဆေးတည်ငြိမ်မှုမရှိသေးဘဲ ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရပါတယ်။
ဂျာမနီ သမ္မတရုံးက " ပြင်သစ် သမ္မတဟာ ဂျာမနီနိုင်ငံကို လာရောက်မယ့် အစီအစဉ်ဖျက်သိမ်းလိုက်ရလို့ စိတ်မကောင်းဖြစ်နေတယ်။ ပြင်သစ်နိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေတွေကို အပြည့်အဝနားလည်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ငြိမ်းချမ်းမှုတွေ အမြန်ဆုံး ပြန်လည်ရရှိစေဖို့ မျှော်လင့်ထားပါတယ်"လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပြင်သစ်နိုင်ငံမှာ ဆူပူအကြမ်းဖက်မှုများဖြစ်နေချိန်က မက်ခရွန်ဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ ကျင်းပတဲ့ ဗြိတိန်အဆိုတော်ရဲ့ ဂီတဖျော်ဖြေပွဲကိုတက်ရောက်ခဲ့ခြင်းကြောင့် ပြင်းထန်တဲ့ဝေဖန်မှုများနဲ့ရင်ဆိုင်နေရပါတယ်။ ဆန္ဒပြအုပ်စုတွေဟာ မာဆေးလ်မြို့ရှိ သေနတ်အရောင်းဆိုင်ကနေ ရိုင်ဖယ်သေနတ်များခိုးယူမှုများရှိခဲ့သလို ဈေးဆိုင်များ နဲ့ လမ်းများမှာ မီးရှို့ဖျက်ဆီးမှုများ ပိုမိုများပြားလာခဲ့ကြောင်းသိရပါတယ်။ ပြင်သစ် ပြည်ထဲရေးဝန်ကြီးဟာ ဆူပူအကြမ်းဖက်မှုတွေကို ထိန်းသိမ်းဖို့ ရဲတပ်ဖွဲ့ဝင် (၄၅ဝဝဝ)ကို ဖြန့်ကြတ်ချထားဖို့ အမိန့်ပေးခဲ့သလို အပေါ့စား တင့်ကားများ၊ ရဟတ်ယာဉ်များအသုံးပြုဖို့ အမိန့်ပေးထားပါတယ်။
ပြင်သစ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ဆူပူအကြမ်းဖက်မှုများအတွင်း လူပေါင်း (၁ဝဝဝ)ကျော် ဖမ်းဆီးခံထားရပြီး ရဲတပ်ဖွဲ့ဝင် (၄ဝဝ)ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းတို့တွင် ည (၆)နာရီမှ နံနက်(၆)နာရီအတွင်း သွားလာခြင်း မပြုလုပ်ရန် NUG တားမြစ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ