ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းတို့တွင် ည (၆)နာရီမှ နံနက်(၆)နာရီအတွင်း သွားလာခြင်း မပြုလုပ်ရန် NUG တားမြစ်
NSS - ဇူလိုင် ၂
ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းတို့တွင် ည(၆)နာရီမှ နံနက်(၆)နာရီအချိန်အတွင်း သွားလာခြင်း မပြုလုပ်ရန် NUG ၏ လက်အောက်ခံအဖွဲ့အစည်းများက ခြိမ်းခြောက်ထုတ်ပြန်ထားသည်။
NUG လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲက ယမန်နေ့(ဇူလိုင်လ ၁ ရက်)တွင် အထက်ပါကဲ့သို့ သတိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။
အမှတ်(၂)စစ်ဒေသခွဲအနေဖြင့် တပ်မတော်အား တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်အဟုန် မြှင့်တင် ဆောင်ရွက်မည်ဟု ထုတ်ပြန်ကြေညာထားသည်။
ထို့ကြောင့် ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမ၊ ပဲခူး-စစ်တောင်းလမ်းပိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံလမ်းပိုင်းများတွင် နေ့စဉ် ည(၆)နာရီမှ နံနက်(၆)နာရီအတွင်း သွားလာခြင်း မပြုလုပ်ရန် ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
၎င်းအပြင် အထက်ပါလမ်းပိုင်းများ၌ နေ့အချိန် ခရီးသွားလာရာတွင်လည်း မော်တော်ယာဉ်များကို မှန်ချကာ မောင်းနှင်ရန် နှင့် တာဝန်အရစစ်ဆေးခြင်းကို ကြည်ဖြူစွာလက်ခံရမည်ဟုလည်း ထည့်သွင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။
“အမြန်လမ်းတို့၊ လမ်းဟောင်းတို့က ပြည်သူတွေ၊ ကုန်စည်ပို့ဆောင်ရေးလုပ်တဲ့ ကားတွေပဲ သွားတာများတယ်။ နောက် ခရီးသည်တင်ကားတွေဆိုရင် ညပိုင်းတွေကို အချိန်ယူပြီး သွားလာနေရတာရှိတယ်။ တကယ်လုပ်လာမယ်ဆိုရင်တော့ အခက်အခဲတွေတော့ ဖြစ်လာနိုင်တာပေါ့။ အဝေးကနေ ပစ်ခတ်လုပ်ကြံတာတွေလည်း မဖြစ်လာနိုင်ဘူးလို့တော့ မပြောနိုင်ဘူး။ စိုးရိမ်ရတာပေါ့။ နှစ်ဖက်ကြားမှာ လူထုပဲ ဒုက္ခရောက်တာပါပဲ”ဟု အမြန်လမ်းအား အသုံးပြုသွားလာနေသူတစ်ဦးက မှတ်ချက်ပြု ပြောဆိုထား သည်။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းအတွင်းတို့ရှိ လမ်းပိုင်းများ၌ PDF ပူးပေါင်းအဖွဲ့များက လမ်းအသုံးပြုသွားလာနေသည့်ယာဉ်များကို ညအချိန် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် တားမြစ်မှုများရှိခဲ့ပြီးနောက် ပစ်ခတ်ခံခဲ့ရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကာ အရပ်သားထိခိုက်သေဆုံးမှုများ ရှိခဲ့ဖူး သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတိုးအဖွဲ့ရဲ့နျူကလီးယား မျှဝေအသုံးပြုရေးအစီအစဉ်မှာပါဝင်လိုတဲ့ ပိုလန်အစိုးရကို ရုရှားသမ္မတဟောင်းဝေဖန်ပြစ်တင်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း