အမေရိကန်စစ်တပ်အနေနဲ့ လူသစ်စုဆောင်းဖို့ လက်ရှိအချိန်မှာ ခက်ခဲစွာရုန်းကန်နေရဟုဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၂
အမေရိကန်စစ်တပ်အနေနဲ့ လက်ရှိအချိန်မှာ စစ်သားအသစ်များ စုဆောင်းနိုင်ဖို့ ခက်ခဲစွာ ရုန်းကန်မှုများရှိနေကြောင်း အမေရိကန်အခြေစိုက် Wall Street Journal ကဖော်ပြလိုက်ပါတယ်။
အမေရိကန်စစ်တပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေသူများ နဲ့ စစ်မှုထမ်းဟောင်းများဟာ ၎င်းတို့ရဲ့သားသမီး၊ မိသားစုဝင်များကို အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ အမည်စာရင်းမပေးဖို့ တိုက်တွန်းတောင်းဆိုမှုများရှိနေရာ အမေရိကန်စစ်တပ်အတွက် လူသစ်စုဆောင်းဖို့ ရုန်းကန်နေရကြောင်း သိရပါတယ်။ အမေရိကန်စစ်မူထမ်းဟောင်းများက စစ်မှုထမ်းမယ်ဆိုရင် လစာနည်းပါးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ကိုယ်ကိုယ်ကို သတ်သေခြင်း၊ ပြင်းထန်တဲ့စစ်ပွဲများနဲ့ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်သားသမီးများ၊ မိသားစုဝင်များက စိုးရိမ်မှုများရှိနေတာကြောင့် စစ်မှုမထမ်းဖို့ တိုက်တွန်းတောင်းဆိုနေခြင်းဖြစ်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုများ အဆုံးသတ်ခဲ့တဲ့ ၂ဝ၂၁ ခုနှစ်သြဂုတ်လနောက်ပိုင်းမှာ အမေရိကန်စပ်တပ်အတွင်းက တပ်ဖွဲ့ဝင်များ နဲ့ စစ်မှုထမ်းဟောင်းများရဲ့စိုးရိမ်မှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်းသိရပါတယ်။ အမေရိကန် ရေတပ်စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ကာတာလီနာ ဂက်စ်ပါက " အာဖဂန်နစ္စတန် စစ်ပွဲပြီးဆုံးချိန်မှာ စိတ်ခံစားမှုအရ တပ်ကနေ အနားယူလိုက်ပါတယ်။ တာလီဘန်နဲ့တိုက်ခိုက်တဲ့ တိုက်ပွဲအတွင်း ဦးခေါင်းဒဏ်ရာရခဲ့တယ်။ ဒါကြောင့် အနားယူခဲ့တယ်။ သားသမီးတွေနဲ့ မိသားစုဝင်တွေကိုစစ်တပ်ထဲ ဘယ်တော့မှမဝင်ဖို့ စည်းရုံးပြောဆိုသွားမယ်" လို့ပြောပါတယ်။
အမေရိကန်စစ်တပ်က လူသစ်စုဆောင်းခံရသူ (၈ဝ)ရာခိုင်နှုန်းနီးပါးက အမေရိကန်စစ်တပ်မှာတာဝန်ထမ်းဆောင်သူများရဲ့ မိသားစုများဖြစ်နေကြောင်းသိရပါတယ်။ အမေရိကန်စစ်တပ်အနေနဲ့ ပြီးခဲ့တဲ့နှစ်က လူသစ်စုဆောင်းရာမှာ (၂၅)ရာခိုင်နှုန်းကျဆင်းခဲ့ပြီး လာမယ့်နှစ်မှာလည်း အရေအတွက်ပိုမိုကျဆင်းဖွယ်ရှိနေကြောင်းသိရပါတယ်။ အမေရိကန်ရေတပ်တပ်ဖွဲ့ဟာ ဒီနှစ်မှာ တပ်သားအသစ် (၃၈ဝဝဝ) ခေါ်ယူဖို့ ပစ်မှတ်ထားပေမယ့် သတ်မှတ်ထားတဲ့အတိုင်းခေါ်ယူနိုင်ခြင်းမရှိဘဲ တပ်သားအသစ် (၁)သောင်းကျော်သာ ခေါ်ယူနိုင်ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လောင်းလုံးမြို့နယ်တွင် PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်မှုကြောင့် အသက်(၆၆)အရွယ် အမျိုးသားတစ်ဦးသေဆုံးမှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ