လောင်းလုံးမြို့နယ်တွင် PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်မှုကြောင့် အသက်(၆၆)အရွယ် အမျိုးသားတစ်ဦးသေဆုံးမှုဖြစ်ပွား
NSS - ဇူလိုင် ၂
တနင်္ဿာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်မှုကြောင့် အသက်(၆၆)နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇွန်လ ၂၉ ရက်၊ ညနေ ၅နာရီ ၄၅မိနစ်အချိန်တွင် လောင်းလုံးမြို့နယ်၊ ပန်းဒလဲကျေးရွာ အနောက်ဘက် (၁)မိုင်ခန့်အကွာရှိ ခြံထဲတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေသေဆုံးသူသည် ၎င်းပိုင်ဆိုင်သည့်ခြံ၌ရှိနေစဉ် PDF အဖွဲ့အင်အား(၄)ဦးခန့်က ဆိုင်ကယ်(၂)စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ပန်းဒလဲကျေးရွာနေ ဦးကံစိန်(၆၆)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ (ဇွန်လ ၃ဝ ရက်) ၊ နံနက် ၉နာရီ အချိန်တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရှမ်းကလေးကျေးရွာအနီး ကပ်ကျော်ဘုရားသွားလမ်း၌ အမျိုးသား(၂)ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေနေရာတွင် အမျိုးသား(၂)ဦး (စိစစ်စဲ)က ပြတ်ရှဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့နောက် အဆိုပါသေဆုံးသူအမျိုးသား(၂)ဦးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အထက်ပါဖြစ်စဉ်များတွင် ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လျက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့၌ ပြည်သူများအား “သူလျှိူ၊ သတင်းပေး၊ ဒလန်”ဟုဆိုကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆူပူအကြမ်းဖက်မှုများ အရှိန်မြင့်တက်လာတဲ့အတွက် ဂျာမနီနိုင်ငံကိုသွားရောက်မယ့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပြင်သစ်သမ္မတပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း