ကမ္ဘောဒီးယားနိုင်ငံအတွင်း Facebook အသုံးပြုမှုတွေကို တားဆီးပိတ်ပင်မှုများ လုပ်ဖွယ်ရှိနေကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်သတိပေး
ဂျန်ဇက် (NSS) - ဇူလိုင် ၁
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ကမ္ဘာကျော်လူမူကွန်ရက် Facebook အသုံးပြုမှုတွေကို ရပ်နားလိုက်ပြီး နောက် Facebook ကို နိုင်ငံအတွင်း အသုံးပြုမှုအပေါ် တားဆီးပိတ်ပင်သွားဖွယ်ရှိနေတယ်လို့ သတိပေးပြောဆို လိုက်ပါတယ်။
အတိုက်ခံနိုင်ငံရေးသမားတွေအနေနဲ့ Facebook ကို အသုံးချပြီး အဆင်ခြင်မဲ့တဲ့လုပ်ရပ်မျိုးတွေ ဆက်လက်လုပ် ဆောင်လာမယ်ဆိုရင် Facebook ကို နိုင်ငံအတွင်းအသုံးပြုခွင့် ပိတ်ပင်သွားမှာဖြစ်ကြောင်း၊ အတိုက်ခံနိုင်ငံရေး သမားတွေအနေနဲ့ နိုင်ငံအတွင်း Facebook အသုံးပြုခြင်း တားဆီးပိတ်ပင်လာအောင် မလုပ်ဆောင်စေလိုကြောင်း ဝန်ကြီးချုပ်ဟွန်ဆန် က သတိပေးလိုက်ပါတယ်။
၎င်းက "ကျွန်တော်ရဲ့ Facebook အကောင့်ကို ဖျက်ဆီးလိုက်မှာပါ။ ကျွန်တော်ရဲ့ Facebook အကောင့်ဟာ followers ၁၄ သန်းကျော်ရှိပါတယ်။ ကျွန်တော်ရဲ့ Facebook အကောင့်ဖျက်ဆီးလိုက်တာကို အတိုက်ခံအုပ်စုတွေ က ပျော်ရွှင်နေတယ်။ အတိုက်ခံအုပ်စုတွေဟာ Facebook ကို အသုံးပြုပြီး အဆင်ခြင်မဲ့တဲ့လုပ်ရပ်တွေ လုပ်ဆောင် လာမယ်ဆိုရင် ကျွန်တော်က အမိန့်ထုတ်ပြန်မှာကို မမေ့ကြပါနဲ့၊ အတိုက်ခံနိုင်ငံရေးသမားအုပ်စုတွေဟာ ရှုံးနိမ့် သူတွေသာဖြစ်ရမယ်" လို့ ပြောပါတယ်။
ဟွန်ဆန်က "ကျွန်တော်ကို Facebook အကောင့်ဖျက်ဆီးအောင်လုပ်ဆောင်ခဲ့တဲ့ နိုင်ငံခြားသားတွေကိုလည်း သတိပေးလိုတယ်။ ခင်ဗျားတို့ဟာ အဆင်ခြင်မဲ့လုပ်ရပ်တွေ လုပ်ဆောင်မယ်ဆိုရင်တော့ ကျွန်တော်ကတော့ ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာ Facebook အသုံးပြုတာတွေကို ယာယီ ဒါမှမဟုတ် အမြဲတမ်း အသုံးပြုလို့မရအောင် ပိတ်ပင်သွားမှာပါ။ ပြည်သူတွကို ထိခိုက်နာကျင်အောင်မလုပ်လိုဘူး။ ဒါပေမယ့် ကျွန်တော်ရဲ့မဟာဗျူဟာအရ လိုအပ်လာရင် နိုင်ငံအတွင်း Facebook အသုံးပြုခွင့် ပိတ်ပင်တာမျိုးတွေ လုပ်ရမယ်" လို့ ပြောပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်က ပြည်ပြေးအတိုက်ခံနိုင်ငံရေးသမားအုပ်စုတွေဟာ Facebook ကို အသုံးပြုပြီး ပြည်တွင်းကို အဆက်သွယ်လုပ်ဆောင်တာမျိုးတွေ ရှိနေကြောင်း၊ Facebook အသုံးပြုခွင့်ကို ပိတ်ပင်လိုက်မယ်ဆိုရင် ပြည်ပ ရောက် အတိုက်ခံနိုင်ငံရေးသမားအုပ်စုတွေ အဆုံးသတ်သွားဖွယ်ရှိနေကြောင်း ပြောပါတယ်။
ကမ္ဘောဒီးယားပြည်သူများအနေနဲ့ Facebook ကို အသုံးမပြုတော့ဘဲ TikTok၊ WhatsApp ၊ Viber နဲ့ အခြား လူမှုကွန်ရက်တွေကို download လုပ်ထားစေလိုကြောင်း ဝန်ကြီးချုပ်ဟွန်ဆန် က တိုက်တွန်းထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကီလိုမီတာဖြင့်သတ်မှတ်သည့် တက္ကစီခနှုန်းထားနှင့်ပတ်သက်ပြီး စည်းရုံးရေးကာလပြီးပါက အရေးယူမှုများရှိလာနိုင်ကြောင်း YRTC ဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ