ကီလိုမီတာဖြင့်သတ်မှတ်သည့် တက္ကစီခနှုန်းထားနှင့်ပတ်သက်ပြီး စည်းရုံးရေးကာလပြီးပါက အရေးယူမှုများရှိလာနိုင်ကြောင်း YRTC ဆို
NSS - ဇူလိုင် ၁
City Taxi ယာဉ်စီးခနှုန်းထားများကို တစ်ကီလိုသွားတိုင်း ၆ဝဝ ကျပ်စနစ်ဖြင့် ဇွန်လ ၂၄ ရက်မှ စတင် သတ်မှတ်ခဲ့ရာ လတ်တလော၌ အငှားယာဉ်အားလုံးကို မေတ္တာရပ်ခံ စည်းရုံးနေပြီး နောက်ပိုင်းတွင် အရေးယူလာနိုင်သည့် အခြေအနေများလည်း ရှိလာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ပြောသည်။
ယာဉ်စီးခ ဈေးနှုန်းမတန်တဆတောင်းခံမှု မရှိစေရန်အတွက် YRTC အနေဖြင့် ရန်ကုန် City Taxi အသင်းများမှတဆင့် သင့်တင့်မျှတသည့် ယာဉ်စီးခနှုန်းထား ဆွေးနွေးတင်ပြလာမှုအပေါ်မှာ သတ်မှတ်ထားခြင်းဖြစ်ပြီး ကနဦး မေတ္တာရပ်ခံထားသည့် အဆင့်သာရှိနေကြောင်း သိရသည်။
"အဓိက ကတော့ ဈေးနှုန်းမတန်တဆ တောင်းတာတွေမရှိစေဖို့အတွက် ကျွန်တော်တို့က အငှား တက္ကစီ ယာဉ်အားလုံးကိုရော၊ Application နဲ့ ကုမ္ပဏီတွေထံကိုရော မေတ္တာရပ်ခံထားတာပါ။ ခရီးသည်တွေအနေနဲ့ သတ်မှတ်ပေးထားတဲ့ နှုန်းထားအတိုင်း ဈေးဆစ်လို့လည်းရပါတယ်။ သင့်တင့်မျှတတဲ့ နှုန်းထားတစ်ခု ဖြစ်တဲ့အတွက် ယာဉ်မောင်းတွေကို သတ်မှတ်နှုန်းထားအတိုင်း တောင်းခံပေးကြဖို့ စည်းရုံးတဲ့ အပိုင်းပဲရှိပါသေးတယ်။ ယာဉ်မောင်း၊ အငှားတက္ကစီ ကုမ္ပဏီတွေ ပူးပေါင်းလုပ်ဆောင်ရင်ရပါတယ်။ အရေးယူတဲ့အပိုင်းကတော့ နောက်လာမှာ ဖြစ်ပါတယ်။ အခုလည်း အရေးယူမှု မရှိဘူးလို့လည်း တိုက် ရိုက် ပြောလို့မရပါဘူး။ လိုအပ်လာရင် အရေးယူတဲ့ အပိုင်းတွေလာမယ်။ အခုဟာက အရေးယူတဲ့အပိုင်း မဟုတ်သေးဘူး။ စည်းရုံးတဲ့အပိုင်းပဲရှိသေးတယ်"ဟု YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် က ပြောသည်။
အငှားယာဉ်စီးနင်းရာ၌ သတ်မှတ်ကီလိုအတိုင်းကောက်ခံရန် မေတ္တာရပ်ခံထားမှုအပေါ် စီးနင်းသူ ပြည်သူအများစုက မသိရှိကြကြောင်းလည်း ပြည်သူအချို့ထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကစီယာဉ် အစီးရေ ၆ဝ,ဝဝဝ ကျော်ရှိသော်လည်း လက်ရှိတွင် City Taxi ယာဉ်မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ၃ဝ,ဝဝဝ ကျော်သာရှိနေကြောင်း YRTC ၏စာရင်းများအရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၌ ဇွန်လအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ (၁၅ဝဝ)ကျော်တွေ့ရှိခဲ့သော်လည်း သေဆုံးသူမရှိ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း