ဂျပန်နိုင်ငံ၌ အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၉ဝဝ)ကျော်ကို ခေါ်ယူသွားမည်ဟု မြန်မာသံရုံးကြေညာ
စော (NSS) - ဇွန် ၃ဝ
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား(၉ဝဝ)ကျော်ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ ကြေညာထားသည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ဇွန်လ (၃ဝ)ရက်တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာသံရုံးသို့ ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများကို အချိန်နှင့်တပြေးညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ကြောင့် မြန်မာသံရုံးအနေဖြင့် အဆိုပါ အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိကို အထောက်အထားများဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးပြီးနောက် သတ်မှတ်ချက်များ၊ သဘောထားများကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ပြီးဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
မြန်မာသံရုံးမှ ဇွန်လ (၁၆)ရက်မှ ဇွန်လ (၃ဝ)ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့သော အလုပ်ကမ်းလှမ်းစာ (၂၉၃)ခုရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါအလုပ်ကမ်းလှမ်းစာများအရ မြန်မာနိုင်ငံမှ အမျိုးသား(၃၉၄)ဦး နှင့် အမျိုးသမီး (၅၁၅)ဦး စုစု ပေါင်း (၉ဝ၉)ဦးကို အလုပ်လုပ်ကိုင်ရန် ခေါ်ယူသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မနက်ဖြန်ဖွင့်လှစ်မည့် (၅၂)ကြိမ်မြောက် အောင်ဘာလေထီတွင် ဆုငွေကျပ်သန်း (၃၆ဝဝ) ကျော် ချီးမြှင့်မည်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း