မဟာဗန္ဓုလတံတားပေါ်မှခုန်ချသည့် အမျိုးသမီးကို ကယ်ဆယ်ခဲ့သည့် မသန်စွမ်းအမျိုးသားအား ဂုဏ်ပြုဆုငွေနှင့် လူသားချင်းစာနာထောက်ထားခြင်းဂုဏ်ထူးဆောင်ဆုချီးမြှင့်
NSS - ဇွန် ၃ဝ
ရန်ကုန်မြို့ရှိ မဟာဗန္ဓုလတံတားပေါ်မှခုန်ချခဲ့သည့် အမျိုးသမီးကိုကယ်ဆယ်ခဲ့သည့် မသန်စွမ်း အမျိုး သားကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်းမှ သိရသည်။
ရန်ကုန်မြို့ရှိ မဟာဗန္ဓုလတံတားပေါ်မှ ဇွန်လ ၂၉ ရက်၊ နေ့လည်ပိုင်းတွင် အမျိုးသမီးတစ်ဦး ခုန်ချခဲ့သည်ကို မြင်လိုက်ရပြီးနောက် ကိုဇော်ဦး (ခ) ချက်ကြီး(မွေးရာပါအောက်ပိုင်း မသန်စွမ်း)သည် မိမိ၏ အသက်ကို ပဓာနမထာဘဲ အဆိုပါအမျိုးသမီး၏ အသက်ကို အချိန်မီကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာလူမှု အကျိုးပြုပရဟိတ ဂုဏ်ထူးဆောင်အဖြစ်ချီးမြှင့်ခြင်းပေအပ်ခံထားရသူ အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်း(ရုံးချုပ်)ဥက္ကဋ္ဌမှ ကိုဇော်ဦး(ခ)ကိုချက်ကြီးအား လူသားချင်းစာနာထောက်ထားခြင်းဂုဏ်ထူးဆောင်ဆုပေးအပ်ခဲ့ကြောင်းသိရသည်။
လူသားချင်းစာနာထောက်ထားခြင်းဂုဏ်ထူးဆောင်ဆုအား အကြင်နာကုသိုလ်ပြု လူမှုကူညီရေး အသင်းချုပ် ဥက္ကဋ္ဌ လှိုင်ဝင်း (ခ)ဘဘကြီးမှ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဂုဏ်ပြုဆုငွေကျပ်တစ်သိန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဗန္ဓုလတံတားပေါ်မှ ခုန်ချသော အမျိုးသမီးသည် ရန်ကုန်မြို့ အရှေ့ပိုင်းဆေးရုံ(ဂန္ဓီ)၌ ဆေးကုသမှုခံယူနေပြီး ကျန်းမာရေး ကောင်းမွန်ကြောင်းသိရသည်။
တံတားပေါ်မှ ခုန်ချသူအမျိုးသမီးအား အသက်ရှင်လျက် ကယ်တင်ပေးခဲ့သည့် ကိုဇော်ဦး(ခ)ချက်ကြီးသည် မွေးရာပါခြေထောက်အောက်ပိုင်း မသန်စွမ်းဖြစ်ကြောင်း အကြင်နာကုသိုလ်ပြုလူမူကူညီရေးအသင်းမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံမှ တပ်မတော်ဆိုင်ရာ ကိုယ်စားလှယ်များလိုက်ပါလာသည့် ယာဉ်တန်းကို KIA အဖွဲ့က ပစ်ခတ်တိုက်ခိုက်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း