အိန္ဒိယက ဗီယက်နမ်နိုင်ငံကို စစ်သင်္ဘောတစ်စီး လက်ဆောင်အဖြစ် ပထမဆုံးအကြိမ်ပေးအပ်
ဂျန်ဇက် (NSS) - ဇွန် ၃ဝ
အိန္ဒိယနိုင်ငံဟာ ဗီယက်နမ်နိုင်ငံကို စစ်သင်္ဘောတစ်စီး လက်ဆောင်အဖြစ် ပထမဆုံးအကြိမ် လွှဲပြောင်းပေးအပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။
အိန္ဒိယ နဲ့ ဗီယက်နမ်နိုင်ငံကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေဟာ ပြီးခဲ့တဲ့နှစ်များအတွင်း ပိုမိုကောင်းမွန်လာခဲ့ပြီးနောက် အိန္ဒိယက ဗီယက်နမ်နိုင်ငံကို စစ်သင်္ဘောတစ်စီး ပထမဆုံးအကြိမ်လက် ဆောင်အဖြစ်ပေးအပ်သွားမှာဖြစ်ပါတယ်။ လက်ဆောင်အဖြစ်ပေးအပ်မယ့် INS Kirpan စစ်သင်္ဘောဟာ ဇွန်လ ၂၈ ရက်မှာ Visakhapatnam ဆိပ်ကမ်းကနေ ဗီယက်နမ်နိုင်ငံကိုထွက်ခွာသွားပြီဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ စစ်သင်္ဘောဟာ အိန္ဒိယပြည်တွင်းမှာတည်ဆောက်ထားတဲ့ စစ်သင်္ဘောတစ်စီးဖြစ်ပြီး မြေပြင်ပစ်ဒုံးကျည်များ တပ်ဆင်ထားသလို ကမ်းခြေလုံခြုံရေးနဲ့ ပင်လယ်ဓါးပြစစ်ဆင်ရေးအတွက်လိုအပ်တဲ့ထောက်လှမ်းရေး ပစ္စည်းကိရိယာများ၊ စစ်လက်နက်များတပ်ဆင်ထားကြောင်းသိရပါတယ်။
အိန္ဒိယစစ်တပ်က ဗီယက်နမ်နိုင်ငံကို စစ်သင်္ဘော လက်ဆောင်ပေးခြင်းဟာ မိတ်ဖက်အဖြစ်တိုးမြင့်ဆောင်ရွက်မယ်ဆိုတဲ့ ကတိတွေကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း အိန္ဒိယရေတပ်က သတင်းထုတ်ပြန်ထားပါတယ်။ နှစ်နိုင်ငံစလုံးရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အကြီးအကဲတွေဟာ ဇွန်လ အစောပိုင်းမှာ တွေ့ဆုံချိန်အတွင်း အိန္ဒိယက ဗီယက်နမ်ကို စစ်သင်္ဘောလက်ဆောင်ပေးမယ့်ကိစ္စကို သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အိန္ဒိယဟာ အာဆီယံနိုင်ငံများနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ဖို့ ကြိုးပမ်းနေကြောင်းသိရပါတယ်။ အိန္ဒိယအစိုးရက ဗီယက်နမ်နိုင်ငံဟာ ၎င်းတို့ရဲ့အရှေ့မျှော်မူဝါဒမှာ အဓိကအရေးပါတဲ့ မိတ်ဖက်နိုင်ငံအဖြစ် ရှုမြင်ထားပါတယ်။ အိန္ဒိယ နဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ် နဲ့ အိန္ဒိယနိုင်ငံအနီးမှာ တရုတ်နိုင်ငံရဲ့ရန်စမှုတွေ တိုးမြှင့်လာခြင်းအပေါ် စိုးရိမ်မှု မြင့်တက်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မဟာဗန္ဓုလတံတားပေါ်မှခုန်ချသည့် အမျိုးသမီးကို ကယ်ဆယ်ခဲ့သည့် မသန်စွမ်းအမျိုးသားအား ဂုဏ်ပြုဆုငွေနှင့် လူသားချင်းစာနာထောက်ထားခြင်းဂုဏ်ထူးဆောင်ဆုချီးမြှင့်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ