Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အင်ဒိုနီးရှားသမ္မတဝီဒိုဒိုနဲ့ မလေးရှားဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် နစကကို အာဆီယံသဘာတူညီချက်များ အကောင်အထည်ဖော်ဖို့ တောင်းဆို

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၉

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို နှင့် မလေးရှားဝန်ကြီးချုပ်အသစ် အန်ဝါအီဘရာဟင်တို့ဟာ ဇန်နဝါရီ ၉ ရက်မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အာဆီယံသဘောတူညီချက်များကို နစကကို အကောင်အထည်ဖော်ဖို့   တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အန်ဝါအီဘရာဟင်ဟာ  ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ မလေးရှားဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူပြီးနောက် အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ချိန်အတွင်း အင်ဒိုနီးရှားသမ္မတဝီဒိုဒို နဲ့ ဂျာကာတာမြို့အပြင် ဘက် Bogor တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလိုမျိုးတိုက်တွန်းတောင်းဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့ရေးရာကိစ္စရပ်များမှာ အာဆီယံအဖွဲ့ပါဝင်မှု ပိုမိုကောင်းမွန်အောင် ဆက်လက်လုပ်ဆောင်ဖို့ အင်ဒိုနီးရှား သမ္မတနဲ့ မလေးရှားဝန်ကြီးချုပ်တို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

သမ္မတဝီဒိုဒို နဲ့  အန်ဝါအီဘရာဟင်တို့က"အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးတို့လုပ်ဆောင်ရာမှာ အာဆီယံအဖွဲ့ကြီး က အဓိကအခန်းကဏ္ဍ က ပါဝင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ အာဆီယံသဘောတူညီ ချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ အဓိက အရေးကြီးတယ်။ ကျွန်တော်တို့အနေနဲ့ နစကကို အာဆီယံ သဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ဖို့ တိုက်တွန်းတောင်းဆိုပါတယ်" လို့ ပြောပါတယ်။၂ဝ၂၁ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာဖြစ်နေတဲ့  နိုင်ငံရေးအခက်အခဲများကို အဆုံးသတ်ဖို့ရည်ရွယ်ချက်နဲ့ အာဆီယံခေါင်းဆောင်တွေဟာ ၂ဝ၂၁ ခုနှစ် ဧပြီလမှာ နစကခေါင်းဆောင်နဲ့ တွေ့ဆုံ ပြီး အာဆီယံသဘာတူညီချက်ငါးချက်ကို သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါ နဲ့ အင်ဒိုနိးရှားသမ္မတဝီဒိုဒို တို့ဟာ မလေးရှားနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်ဖို့ ကတိပြု ခဲ့တယ်လို့ သိရပါတယ်။ မလေးရှားဝန်ကြီးချုပ်က ၎င်းဦးဆောင်တဲ့ မလေးရှားအစိုးရအဖွဲ့တာဝန်ရှိသူများကို လက်ခံကြိုဆိုခဲ့တဲ့ အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုနဲ့ အစိုးရအဖွဲ့ကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။


Zawgyi Version;






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ အရေးပေါ်ပြုပြင်ရခြင်းကြောင့် ရန်ကုန်တိုင်းရှိ စက်မှုဇုန်များ၌ ယာယီဓာတ်အားပြတ်တောက်မည်ဟု YESC အသိပေး

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved