Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မက္ကဆီကိုနိုင်ငံသို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ပထမဆုံးအကြိမ် သွားရောက်လည်ပတ်

Pika (NP News) - ဇန်နဝါရီ ၉

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ရွှေ့ပြောင်းနေထိုင်သူများနှင့် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုဆိုင်ရာ ဆွေးနွေးပွဲ အပြင် မြောက်အမေရိကခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲအတွက် ဇန်နဝါရီ(၈)ရက်တွင် မက္ကဆီကိုနိုင်ငံသို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေး အလည်အပတ်ရောက်ရှိလာခဲ့ကြောင်းလည်း သိရသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ဇန်နဝါရီ(၉)ရက် နှင့် (၁ဝ) ရက်တို့တွင် မက္ကဆီကိုနိုင်ငံ သမ္မတ အန်ဒရက် စ်မန်နူရယ်လို ပက်ဇ်အိုဘရာဒေါ နှင့် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရုဒဲရု တို့နှင့် တစ်ဦးချင်း တွေ့ဆုံ မည်ဖြစ်ပြီး Three Amigos ဟု အမည်ပေးထားသော ထိပ်သီးအစည်းအဝေးပွဲတွင် အတူတကွ တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် လေဆိပ်သို့ရောက်ရှိလာချိန်တွင် မက္ကဆီကိုသမ္မတ လိုပက်ဇ် အော်ဘရာဒေါက ကော်ဇောနီခင်းကာ ကြိုဆိုခဲ့ကြောင်းလည်း သိရသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် မက္ကဆီကိုနိုင်ငံသို့ ပထမဆုံးအလည်အပတ်ရောက်ချိန်အတွင်း ရွှေ့ပြောင်းနေထိုင်မှုနှင့် အန္တရာယ်ရှိသော မူးယစ် ဆေးဝါးမှောင်ခိုကူးမှုဆိုင်ရာကိစ္စများနှင့်အတူ ကုန်သွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို လည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

မက္ကဆီကိုနိုင်ငံသို့ လာစဥ်အချိန်အတွင်း ဂျိုးဘိုင်ဒန်သည် ရွှေ့ပြောင်းနေထိုင်သူများ မကြာခဏဖြတ်ကျော် ဝင်ရောက်နေသော နယ်စပ်တစ်ခုဖြစ်သည့် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အယ်လ်ပါဆိုမြို့တွင် နာရီ အတော်ကြာရပ်နားနေခဲ့ကြောင်းလည်း သိရသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ မက္ကဆီကိုနိုင်ငံသို့ သွားရောက်လည်ပတ်သည့်ခရီးစဥ်သည်  သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်ကတည်းက ပထမဆုံး အကြိမ်သွားရောက်လည်ပတ်သော ခရီးစဥ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

ဂျိုးဘိုင်ဒန်သည် နယ်စပ်မြို့တစ်ခုဖြစ်သည့် အယ်လ်ပါဆိုမြို့တွင် အမေရိကန်အရာရှိများနှင့်တွေ့ရှိခဲ့ပြီး နောက်ဆုံး ပေါ် နယ်စပ်ထိန်းသိမ်းရေးနည်းပညာ နှင့် အကောက်ခွန်ဌာနရှိ အနံ့ခံခွေးတစ်ကောင်ကိုလည်း ကြည့်ရှုခဲ့ကြောင်း သိရသည်။ ဂျိုးဘိုင်ဒန်က "အကောက်ခွန်ဌာနက လူတွေဟာ ရှာဖွေရေးနဲ့ပတ်သက်ပြီး ပစ္စည်းတော်တော်များများ လိုအပ်နေပါသေးတယ်။ အဲဒါတွေကို ကျွန်တော် သူတို့အတွက်ပေးမှာပါ" ဟု ပြောဆိုခဲ့သည်။


Zawgyi Version;


Pika (NP News) - ဇန်နဝါရီ ၉





Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အင်ဒိုနီးရှားသမ္မတဝီဒိုဒိုနဲ့ မလေးရှားဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် နစကကို အာဆီယံသဘာတူညီချက်များ အကောင်အထည်ဖော်ဖို့ တောင်းဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved