“ဝ”အဖွဲ့ UWSP အပါအဝင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအပေါ် EAO (၅)ဖွဲ့နှင့် NSPNC တို့ဆွေးနွေးခဲ့
မျိုးကြီး (NSS) - ဇွန် ၂၈
“ဝ”အဖွဲ့ UWSP၊ NDAA၊ SSPP အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအပေါ် NCA ရေးထိုးထားသော EAO (၅)ဖွဲ့နှင့် နစက၏ NSPNC တို့ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော NSPNC မှ ကိုယ်စားလှယ်များနှင့် ALP ၊ DKBA ၊ KNU/KNLA-PC၊ LDU ၊ PNLO လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များသည် ယမန်နေ့(ဇွန်လ ၂၇ ရက်) တွင် နေပြည်တော်၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
၎င်းဆွေးနွေးပွဲသို့ NSPNC ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များက တက်ရောက်ဆွေးနွေးခဲ့ကြောင်း နစကမှ ဆိုထားသည်။
ထို့အတူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)မှ စစ်ရေးချုပ်အဆင့်ရှိ စောစိန်ဝင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဖြားတန်ခွန်ဥက္ကာတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲ၌ ဖက်ဒရယ်အခြေခံမူများ၊ လူသားချင်းစာနထောက်ထားမှုအကူအညီပေးရေးကိစ္စများကို နှစ်ဖက်အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ပြင် “ဝ”အဖွဲ့ UWSP၊ NDAA ၊ SSPP အဖွဲ့များအပါအဝင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးနိုင်ရေးအပေါ် NCA ရေးထိုးထားသည့် EAO များ၏ သဘောထားများနှင့်ပတ်သက်၍လည်း နှစ်ဖက်အကြားထည့်သွင်းဆွေးနွေးကာ သဘောထားများကို ညှိနှိုင်းခဲ့ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။
ယနေ့ (ဇွန်လ ၂၈ ရက်)တွင် နစက၏ NSPNC နှင့် EAO (၅)ဖွဲ့တို့သည် ဆက်လက်ဆွေးနွေးခဲ့ပြီး မကြာခင်အချိန်တွင် ဆွေးနွေးပွဲရလဒ်များကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသက်(၁၅)နှစ်အရွယ် အမျိုုးသမီးတစ်ဦးကို ပြည့်တန်ဆာအဖြစ် အဓ္ဓမခိုင်းစေပြီး လုပ်အားခခေါင်းပုံ ဖြတ်ခဲ့သူ(၂)ဦးကို အလုပ်နှင့်ထောင်ဒဏ်(၁ဝ)နှစ်ချမှတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ