ဥရောပတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သီတင်းပတ်တစ်ပတ်ကိုအနည်းဆုံး လူပေါင်း (၁ဝဝဝ) ခန့်သေဆုံးနေဟု ကမ္ဘာကျန်းမာရေးအဖွဲ့ပြော
ဂျန်ဇက် (NSS) - ဇွန် ၂၈
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုများကြောင့် ဥရောပတိုက်မှာ သီတင်းပတ်တိုင်း အနည်းဆုံးလူပေါင်း (၁ဝဝဝ)ခန့်သေဆုံးနေကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
WHO က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ပြီးဆုံးခြင်းမရှိကြောင်း၊ လူအများအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်ပြီး သတိရှိရမှာဖြစ်ကြောင်းပြောပါတယ်။ WHO က "ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ကမ္ဘာ့ကျန်းမာရေးအရေးပေါ်အခြေနေအဖြစ် သတ်မှတ်တာမျိုးမရှိတော့ပေမယ့် ကပ်ရောဂါပြီးဆုံးတာမျိုးတော့မရှိသေးဘူး။ ဥရောပတိုက်မှာ သီတင်းပတ်တစ်ပတ်တိုင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့်အနည်းဆုံး ၁ဝဝဝ ခန့်သေဆုံးနေတယ်။ အဲဒီအရေအတွက်ကမြင့်တက်နေတယ်။ ဥရောပတိုက်ရှိ နိုင်ငံများဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ထံ ကူးစက်သေဆုံးအရေအတွက် ပုံမှန်ပေးပို့တာမျိုး၊ အတိအကျစာရင်းပေးတာမျိုး မရှိတော့ဘူး" လို့ပြောပါတယ်။
ဥရောပတိုက်မှာ ပြီးခဲ့တဲ့ (၃)နှစ်ကျော်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်းအနည်းဆုံး (၃)သန်းခန့်ရှိခဲ့ကြောင်း WHO အဖွဲ့ရဲ့ ဥရောပရေးရာ ဟန်ကလူဂီကပြောပါတယ်။ ၎င်းက "ကျွန်တော်တို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်ပြီး ကုထုံးနည်းလမ်းများ၊ ပြည့်စုံတဲ့ရောဂါ ရှာဖွေမှုတွေ ပိုမိုကောင်း မွန်အောင် မလုပ်ဆောင်နိုင်သေးဘူးဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက ဘယ်တော့မှအဆုံးသတ်နိုင်မှာမဟုတ်ဘူး"လို့ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ၂ဝ၂ဝ ခုနှစ်က တရုတ်နိုင်ငံ ဝူဟန်မြို့မှာစတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့နိုင်ငံ များကို ကူးစက်ပျံ့နှံ့မှုများ ဆက်လက်ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်အထိ ကူးစက်သေဆုံးမှုတွေရှိနေဆဲဖြစ်ကြောင်းသိရပါတယ်။ ကမ္ဘာ့နိုင်ငံအချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်ပြီး တင်းကြပ်တဲ့ စည်းကမ်းများကို ဖြေလျော့ပေးခဲ့ပေမယ့် ကူးစက်ခံရမှုများ ရှိနေဆဲဖြစ်ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Gold T 6 အမည်ဖြင့် (၁)ရက်အတိုးနှုန်း (၆)ရာခိုင်နှုန်းပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်အမြတ်ထုတ်ရန် ဆောင်ရွက်နေဟု ဗဟိုဘဏ်သတိပေး
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ