မင်္ဂလာဒုံမြို့နယ်၌ မနက်ဖြန်ယာယီလျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဟု YESC အသိပေး
NSS - ဇွန် ၂၆
ရန်ကုန်မြို့ရှိ မင်္ဂလာဒုံမြို့နယ်၌ သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းသွားမည်ဖြစ်၍ မနက် ဖြန်(ဇွန်လ ၂၇ ရက်)တွင် ယာယီလျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ယနေ့(ဇွန်လ ၂၆ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ 66Kv လှော်ကား -(၁၆)မိုင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုများကို ဇွန်လ(၂၇)ရက် နံနက်(၉)နာရီမှ မွန်းလွဲ(၁)နာရီအချိန်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ကြောင့် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်နေရာအချို့တို့တွင် ယာယီ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင်ဓာတ်အားပြတ်တောက်မှု အချိန်ကြာမြင့်မှုမရှိစေရေးနှင့် ဓာတ်အားပြတ်တောက်မှု ဧရိယာ လျော့ နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း YESC မှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတစ်ဝန်းရှိ သက်ကြီးရွယ်အို (၂)သိန်းကျော်အတွက် လူမှုရေးပင်စင်များကို တစ်နှစ်လျှင် နှစ်ကြိမ်နှုန်းထောက်ပံ့မည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ