ဘန်ကောက်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းမှာ မီးသတ်ဆေးဘူး ပေါက်ကွဲမှုကြောင့် ကျောင်းသားတစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ
ရောင်နီ (NSS) - ဇွန် ၂၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒူဆစ်ခရိုင်၊ Rajavinit Mathayom ကျောင်းမှာ သောကြာနေ့ (သြဂုတ်လ ၂၃ ရက်) နံနက်ပိုင်းက မီးသတ်ဆေးဘူး တစ်လုံး ပေါက်ကွဲခဲ့ရာ ကျောင်းသားတစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရ ကျောင်းသား ၅ ဦးကို ထိုင်းနိုင်ငံ မြို့တော် Klang ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ မီးသတ်လေ့ကျင့်ရေးပြုလုပ်နေစဉ်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပြီး ပေါက်ကွဲခဲ့တဲ့ မီးသတ်ဆေးဘူးဟာ လုံခြုံရေး အဆို့ရှင်မပါဘဲ ပိတ်ထားတဲ့ မီးသတ်ဆေးဘူး ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သံသယရှိထားပါတယ်။ မီးသတ်ဆေးဗူးကို နေရောင်အောက်မှာ ထားခဲ့တာကြောင့် မြင့်မားတဲ့ အပူချိန်နဲ့ တွေ့တဲ့အခါ ၎င်းရဲ့ ဖိအားကို တိုးမြင့်စေကာ ပေါက်ကွဲမှု ဖြစ်စေတယ်လို့ ဘန်ကောက် ရဲတပ်ဖွဲ့ အကြီးအကဲ တစ်ဦးက ပြောကြားခဲ့ပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးလျက်ရှိပြီး အကြောင်းရင်းကို သိရှိနိုင်ဖို့ ၎င်းရဲ့ ဝန်ကြီးဌာနမှ တာဝန်ရှိသူတွေကို ကျောင်းကိုစေလွှတ်ထားကြောင်း အမြဲတမ်းအတွင်းဝန် အတ်သဖွန်ဆောင်ခါဝါဆီက ပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေနဲ့ သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေကို ဝမ်းနည်းကြောင်းပြောကြားပြီး ဝန်ကြီးဌာနအနေနဲ့ ထိခိုက်မှုခံစားရသူတွေကို ကူညီလျော်ကြေးပေးမယ်လို့ ဆိုခဲ့ပါတယ်။
Kasetsart University ရဲ့ Liberal Arts and Science ဌာနမှ ကထိက ဒေါက်တာ ဝီရာချိုင်ဖူသဝမ်က မီးသတ်ဆေးဘူးဟာ ဟောင်းပြီး ပျက်စီးနေတာကြောင့် ပေါက်ကွဲခဲ့ခြင်း ဖြစ်တယ်လို့ ဆိုခဲ့ပြီး သက်ဆိုင်ရာ အေဂျင်စီများ အနေနဲ့ ပေါက်ကွဲမှုကို စစ်ဆေးပြီး မီးသတ်ဆေးဘူးနဲ့ ဆက်စပ်ပစ္စည်းများအားလုံး ဘေးကင်းတဲ့ စံနှုန်းများနဲ့အညီ ထိန်းသိမ်းသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မေလအတွင်းက ပေါက်ကွဲမှုကြောင့် လီဆိုသိုသတ္တုတွင်းလုပ်သား (၃၁)ဦး သေဆုံးခဲ့မှုကို အာဖရိက စုံစမ်းစစ်ဆေးနေ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း