မေလအတွင်းက ပေါက်ကွဲမှုကြောင့် လီဆိုသိုသတ္တုတွင်းလုပ်သား (၃၁)ဦး သေဆုံးခဲ့မှုကို အာဖရိက စုံစမ်းစစ်ဆေးနေ
ရောင်နီ (NSS) - ဇွန် ၂၅
တောင်အာဖရိကနိုင်ငံ ဖရီးပြည်နယ်မှာ မေလ ၁၈ ရက်က ဖြစ်ပွားခဲ့တဲ့ သတ္တမိုင်းတွင်းတစ်ခု ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ (၃၁)ဦးထက်မနည်း သေဆုံးခဲ့မှုကို စုံစမ်းစစ်ဆေးသွားမယ်လို့ အာဖရိက အာဏာပိုင်တွေက သောကြာနေ့(ဇွန်လ ၂၃ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ဝယ်လ်ခွန်မြို့၊ ဗာဂျီးနီးယား သတ္တုတွင်းမှာ ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် သေဆုံးသူတွေဟာ အိမ်နီးချင်း လက်ဆိုသိုနိုင်ငံမှ ဝင်လာသူတွေဖြစ်ကြောင်း ဓာတ်သတ္တုအရင်းအမြစ်နဲ့ စွမ်းအင်ဌာန (DMRE) မှ ပြောကြားခဲ့ပါတယ်။ ၎င်းတို့ သေဆုံးရခြင်းအကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် မိုင်းရဲ့ ယခင်ပိုင်ရှင်ဖြစ်သူ ဟာမိုနီဂိုးလ်ရဲ့ အကူအညီနဲ့ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေပြီး စစ်ဆေးချက်အရ မိုင်း ရဲ့ လေဝင်လေထွက်လမ်းကြောင်းမှာ မီသိန်းဓာတ်ငွေ့ ပမာဏ အလွန်မြင့်မားနေတာကို တွေ့ခဲ့ရပါတယ်။ ဖရီးပြည်နယ် အာဏာပိုင်တွေဟာ သတ္တုတွင်းထဲမှာ မီသိန်းဓာတ်ငွေ့ပမာဏ အလွန်မြင့်မားစွာရှိနေတာကြောင့် အလောင်းတွေကို ရှာဖွေဖို့ အဖွဲ့စေလွှတ်ခြင်းကို တားမြစ်ထားကြောင်း အဆိုပါဌာနက သောကြာနေ့(ဇွန်လ ၂၃ ရက်)မှာ ထုတ်ပြန်ခဲ့ပါတယ်။
အန္တရာယ်ရှိ မိုင်းရိုးများရှိရာ တောင်အာဖရိကရဲ့ ရှေးဟောင်း ရွှေတူးဖော်ရေး ဧရိယာတွေမှာ တရားမဝင် တူးဖော်မှု အများအပြား ရှိနေပါတယ်။ ဟာမိုနီရဲ့ ပြောရေးဆိုခွင့်ရှိသူ စီဟဲလ်မက်ခ်က ကုမ္ပဏီဟာ မေလ ၁၈ ရက်က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကို ရာဇဝတ်မှုတစ်ခုအဖြစ် ရှုမြင်တာကြောင့် နောက်ထပ် စုံစမ်းစစ်ဆေးဖို့အတွက် တောင်အာဖရိက ရဲတပ်ဖွဲ့ကို လွှဲပြောင်းခဲ့ခြင်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေ့ရှ်၏ နျူကလီယားဓာတ်အားပေးစက်ရုံ စက်တင်ဘာလ ဖွင့်လှစ်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း