မဲမပေးဖို့ တောင်းဆိုလှုပ်ရှားသူများကို ပြစ်ဒဏ်ပေးနိုင်မယ့် ရွေးကောက်ပွဲဥပဒေမူကြမ်းကို ကမ္ဘောဒီးယားလွှတ်တော် အတည်ပြု
ဂျန်ဇက် (NSS) - ဇွန် ၂၄
ဇူလိုင်လအတွင်းကျင်းပမယ့် ရွေးကောက်ပွဲကို မဲသွားမပေးဖို့ တောင်းဆိုလှုပ်ရှားနေသူများကို လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မပေးဖို့ ခွင့်ပြုမယ့် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ပြောင်းလဲရေးကို ကမ္ဘောဒီးယားလွှတ်တော်က ခွင့်ပြုလိုက်ကြောင်းသိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ လာမယ့်လမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားပြီး အတိုက်ခံအုပ်စုများက ရွေးကောက်ပွဲကို မဲမပေးဖို့ တောင်းဆိုလှုပ်ရှားမှုတွေရှိနေကြောင်းသိရပါတယ်။ လွှတ်တော်ကိုယ် စားလှယ်ပေါင်း (၁၁၁) ဦးရှိတဲ့ ကမ္ဘောဒီးယားလွှတ်တော်ဟာ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ ကန့်ကွက်မှုမရှိဘဲ ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်က "လွှတ်တော်ကိုကျေးဇူးတင်ပါတယ်။ လွှတ်တော်ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ဥပဒေတွေကို ဦးဆောင်နေတဲ့အဖွဲ့အစည်းဖြစ်တယ်။ အတိုက်အခံအုပ်စုတွေက လာမယ့် ဇူလိုင်လအတွင်းကျင်းပမယ့် ရွေးကောက်ပွဲကို မဲမပေးဖို့ တောင်းဆိုလှုပ်ရှားမှုတွေရှိနေတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ဥပဒေအသစ်အရအတိုက်ခံအုပ်စုတွေဟာ လာမယ့်ဇူလိုင်လအတွင်းကျင်းပမယ့်ရွေးကောက်ပွဲကို မဲမပေးဖို့ တောင်းဆိုလှုပ်ရှားနေမယ်ဆိုရင် ၂ဝ၂၇ ခုနှစ် နဲ့ ၂ဝ၂၈ ခုနှစ်မှာကျင်းပမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အရည်အချင်းပျက်ယွင်းသူအဖြစ်သတ်မှတ်ခံရဖွယ်ရှိနေပါတယ်"လို့ပြောပါတယ်။
ကမ္ဘောဒီးယား ရွေးကောက်ပွဲတိုင်းမှာပါဝင်ယှဉ်ပြိုင်လိုသူများဟာ ရွေးကောက်ပွဲဥပဒေကို လိုက်နာဖို့လိုအပ်ကြောင်း၊ လိုက်နာမှုမရှိပါက အရည်အချင်းပျက်ယွင်းသူအဖြစ်သတ်မှတ်ခံရမှာဖြစ်ကြောင်း ဆိုပါတယ်။ ရွေးကောက်ပွဲမှာမဲမပေးဖို့ တောင်းဆိုလှုပ်ရှားသူတွေဟာ လာမယ့်ရွေးကောက်ပွဲမှာပါဝင်ခွင့်မရတဲ့အပြင် ပြစ်ဒဏ်တွေလည်း အပေးခံရမှာဖြစ်ကြောင်းသိရပါတယ်။ ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင်ဟာ လာမယ့်ဇူလိုင်လအတွင်း ကျင်းပမယ့်ရွေးကောက်ပွဲမှာ အတိုက်ခံပါတီကို အရည်အချင်းပျက်ယွင်းကြောင်း မကြာသေးမီက ကြေညာခဲ့ကြောင်းသိရပါတယ်။
အတိုက်ခံပါတီဟာ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ ငြင်းပယ်ခံရပြီးနောက် လာမယ့်ဇူလိုင်လအတွင်းကျင်းပမယ့်ရွေးကောက်ပွဲအပေါ် ဝေဖန်ပြစ်တင်ခဲ့ပြီး ပြည်သူတွေကို မဲရုံသွား မဲသွားမပေးဖို့ တောင်းဆိုတိုက်တွန်းမှုများရှိခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကလေးမြို့နယ်တွင် မော်တော်ယာဉ်တစ်စီး တံတားပေါ်မှ ပြုတ်ကျမှုဖြစ်ပွားပြီး ကလေးငယ်တစ်ဦးအပါအဝင် (၆)ဦး သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ