ဆန္ဒပြပွဲအတွင်းပါဝင်ခဲ့သော လူ(၂)ဦးကို အီရန်အစိုးရထပ်မံကွပ်မျက်ခဲ့ဟုဆို
Pika (NP News) - ဇန်နဝါရီ ၇
အီရန်နိုင်ငံဆန္ဒပြပွဲများအတွင်း လုံခြုံရေးအဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ခဲ့သော အမျိုးသားနှစ်ဦးကို ဇန်နဝါရီလ(၇)ရက်တွင် ကွပ်မျက်ခဲ့ကြောင်း အီရန်အာဏာပိုင်များကပြောကြားခဲ့သည်၊၊
အဆိုပါ ကွပ်မျက်မှုသည် အီရန်နိုင်ငံစစ်အစိုးရကို စိန်ခေါ်နေသည့် ဆန္ဒပြပွဲများကို ရပ်တန့်ရန်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အီရန်အာဏာပိုင်များကပြောကြားခဲ့သည်။
အီရန်နိုင်ငံတွင် အသက်(၂၂)နှစ်အရွယ်မာရှာအေမီနီသေဆုံးပြီးနောက် ဆန္ဒပြပွဲများစတင်ခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းတည်းက ဆန္ဒပြပွဲများနှင့်ဆက်နွယ်မှုကြောင့် သေဒဏ်ပေးခံရသူ အနည်းဆုံးလူ(၁၄)ဦးရှိနေပြီဖြစ် ကြောင်းသိရသည်။
ကွပ်မျက်ခံရသူနှစ်ဦးမှာ မိုဟာမက်ကာရာမီနှင့် မိုဟာမက်ဟော့စီနီတို့ဖြစ်ကြောင်း၊ ၎င်းတို့သည် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးစေခဲ့သည့် ရာဇဝတ်မှုတွင် အဓိကပါဝင်သူများဖြစ်သည့်အတွက် သေဒဏ်ပေးခံရခြင်းဖြစ်ကြောင်း အီရန်တရားရေးရာဌာနကပြောကြားခဲ့သည်။
အဆိုပါအမျိုးသားနှစ်ဦးသည် နိုဝင် ဘာလ (၃)ရက်က တီဟီရန်မြို့အပြင်ဖက် Karaj မြို့တွင် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ Basij ရူဟိုလာအာဂျမင်းကို သတ်ဖြတ်ခဲ့မှုဖြင့် ပြစ်မှုထင်ရှားသောကြောင့် ကွပ်မျက်ခံခဲ့ရခြင်းဖြစ်ကြောင်း အီရန်တရားရုံးနှင့်နီးစပ်သည့် Mizan သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အီရန်နိုင်ငံရှိ အဓိကမြို့ကြီးများတွင် တပ်စွဲထားပြီး ဆန္ဒပြပွဲများတွင်ပါဝင်သော ဆန္ဒပြသူများကို တိုက်ခိုက်ခြင်းနှင့်ဖမ်းဆီးခြင်းတို့ကိုလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
အီရန်တရားရုံးများသည် တရားရင်ဆိုင်ရနေသူများကို တရားရင်ဆိုင်ရာတွင် ရှေ့နေခေါ်ယူခွင့်မပေးသကဲ့သို့ စိတ်ကြိုက်ရှေ့နေများရွေးချယ်ခွင့်မပြုကြောင်း အထောက်အထားများကိုလည်း ကြည်ရှုခွင့်မပေးကြောင်းသိရသည်။ နိုင်ငံတာကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အီရန်တရားရုံးများ၏ တရားစီရင်မှုသည် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုမရှိကြောင်း ဝေဖန်ထားသည်။
zawgyi version
ဆႏၵျပပြဲအတြင္းပါဝင္ခဲ့ေသာ လူ(၂)ဦးကို အီရန္အစိုးရထပ္မံကြပ္မ်က္ခဲ့ဟုဆို
Pika (NP News) - ဇန္နဝါရီ ၇
အီရန္ႏိုင္ငံဆႏၵျပပြဲမ်ားအတြင္း လုံၿခဳံေရးအဖြဲ႕ဝင္တစ္ဦးကို သတ္ျဖတ္ခဲ့ေသာ အမ်ိဳးသားႏွစ္ဦးကို ဇန္နဝါရီလ(၇)ရက္တြင္ ကြပ္မ်က္ခဲ့ေၾကာင္း အီရန္အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္၊၊ အဆိုပါ ကြပ္မ်က္မႈသည္ အီရန္ႏိုင္ငံစစ္အစိုးရကို စိန္ေခၚေနသည့္ ဆႏၵျပပြဲမ်ားကို ရပ္တန႔္ရန္ရည္႐ြယ္ခ်က္ျဖင့္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း အီရန္အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။
အီရန္ႏိုင္ငံတြင္ အသက္(၂၂)ႏွစ္အ႐ြယ္မာရွာေအမီနီေသဆုံးၿပီးေနာက္ ဆႏၵျပပြဲမ်ားစတင္ခဲ့သည့္ စက္တင္ဘာလေႏွာင္းပိုင္းတည္းက ဆႏၵျပပြဲမ်ားႏွင့္ဆက္ႏြယ္မႈေၾကာင့္ ေသဒဏ္ေပးခံရသူ အနည္းဆုံးလူ(၁၄)ဦးရွိေနၿပီျဖစ္ ေၾကာင္းသိရသည္။
ကြပ္မ်က္ခံရသူႏွစ္ဦးမွာ မိုဟာမက္ကာရာမီႏွင့္ မိုဟာမက္ေဟာ့စီနီတို႔ျဖစ္ေၾကာင္း၊ ၎တို႔သည္ အီရန္လုံၿခဳံေရးတပ္ဖြဲ႕ဝင္တစ္ဦးေသဆုံးေစခဲ့သည့္ ရာဇဝတ္မႈတြင္ အဓိကပါဝင္သူမ်ားျဖစ္သည့္အတြက္ ေသဒဏ္ေပးခံရျခင္းျဖစ္ေၾကာင္း အီရန္တရားေရးရာဌာနကေျပာၾကားခဲ့သည္။ အဆိုပါအမ်ိဳးသားႏွစ္ဦးသည္ ႏိုဝင္ ဘာလ (၃)ရက္က တီဟီရန္ၿမိဳ႕အျပင္ဖက္ Karaj ၿမိဳ႕တြင္ အီရန္လုံၿခဳံေရးတပ္ဖြဲ႕ဝင္တစ္ဦးျဖစ္သူ Basij ႐ူဟိုလာအာဂ်မင္းကို သတ္ျဖတ္ခဲ့မႈျဖင့္ ျပစ္မႈထင္ရွားေသာေၾကာင့္ ကြပ္မ်က္ခံခဲ့ရျခင္းျဖစ္ေၾကာင္း အီရန္တရား႐ုံးႏွင့္နီးစပ္သည့္ Mizan သတင္းေအဂ်င္စီက ေဖာ္ျပခဲ့သည္။ အီရန္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ အီရန္ႏိုင္ငံရွိ အဓိကၿမိဳ႕ႀကီးမ်ားတြင္ တပ္စြဲထားၿပီး ဆႏၵျပပြဲမ်ားတြင္ပါဝင္ေသာ ဆႏၵျပသူမ်ားကို တိုက္ခိုက္ျခင္းႏွင့္ဖမ္းဆီးျခင္းတို႔ကိုလုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။
အီရန္တရား႐ုံးမ်ားသည္ တရားရင္ဆိုင္ရေနသူမ်ားကို တရားရင္ဆိုင္ရာတြင္ ေရွ႕ေနေခၚယူခြင့္မေပးသကဲ့သို႔ စိတ္ႀကိဳက္ေရွ႕ေနမ်ားေ႐ြးခ်ယ္ခြင့္မျပဳေၾကာင္း အေထာက္အထားမ်ားကိုလည္း ၾကည္ရႈခြင့္မေပးေၾကာင္းသိရသည္။ ႏိုင္ငံတာကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕က အီရန္တရား႐ုံးမ်ား၏ တရားစီရင္မႈသည္ တရားစီရင္ေရးဆိုင္ရာလုပ္ငန္းစဥ္မ်ားႏွင့္ ကိုက္ညီမႈမရွိေၾကာင္း ေဝဖန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖုန်းဖြင့် ခြိမ်းခြောက်မှုလက်ခံရရှိခဲ့ပြီးနောက် ဂျပန်ခရီးသည်တင်လေယာဉ်တစ်စင်းအရေးပေါ်ဆင်းသက်ခဲ့ရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ