ရုရှားကို တန်ပြန်ထိုးစစ်ဆင်မှုက မျှော်လင့်ထားသည့် ရလဒ်အတိုင်းမဖြစ်ခဲ့ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးပြော
Pika (NSS) - ဇွန် ၂၂
ရုရှားတပ်ဖွဲ့များကို တိုက်ထုတ်မည့် ယူကရိန်း၏ တန်ပြန်ထိုးစစ်ဆင်မှုသည် အနောက်အုပ်စုနိုင်ငံအချို့မှ လေ့လာသုံးသပ်သူများ၏မျှော်လင့်ထားသည့် ရလဒ်များအတိုင်းဖြစ်မလာခဲ့ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ဝန်ခံပြောဆိုခဲ့သည်။
ယူကရိန်းတပ်ဖွဲ့ဝင်များ အထိအခိုက်များနေသော်လည်း ရုရှားနှင့်ဆွေးနွေးပွဲများ လုပ်ဆောင်မည်မဟုတ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက အခိုင်အမာပြောဆိုခဲ့သည်။ ဇီလန်စကီး က "တစ်ချို့လူတွေက ဒါကို ဟောလိဝုဒ် ရုပ်ရှင်လိုမျိုးပဲထင်နေကြပြီး ရလဒ်ကောင်းတွေရမယ်လို့ မျှော်လင့်နေကြပါတယ်။ အဲဒါက လက်တွေ့မှာတော့ မဟုတ်ပါဘူး။ ယူကရိန်းတပ်ဖွဲ့တွေရဲ့တိုးတက်မှုတွေက ထင်ထားတာတွေထက် ပိုမိုနှေးပါတယ်။ တစ်ချို့က ကျွန်တော်တို့ကို ဖိအားပေးဖို့ ကြိုးပမ်းနေကြပေမယ့် စစ်မြေပြင်မှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ ဆက်လက် တိုက်ခိုက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြောဆိုခဲ့သည်။
ဒွန်းညက်စ်ဒေသရှိ ရုရှားတပ်စခန်းများကို ယူကရိန်း၏ တန်ပြန်ထိုးစစ်ဆင်မှုသည် ဇွန်လ(၄)ရက်တွင် စတင်ခဲ့ပြီး အောင်မြင်မှုမရရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဒွန်းညက်စ်ဒေသ နှင့် Zaporozhye ဒေသတစ်လျှောက်ရှိ ရုရှားရှေ့တန်းနေရာများကို တိုက်ခိုက်ခဲ့သော ယူကရိန်း၏ တန်ပြန် ထိုးစစ်ဆင်မှုများကို ရုရှားတပ်ဖွဲ့များက ချေမှုန်းနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။
ထို့အပြင် တန်ပြန်ထိုးစစ်ဆင်မှုအတွင်း အနောက်အုပ်စုနိုင်ငံများမှ ယူကရိန်းသို့ထောက်ပံ့ပေးထားသော ရာနှင့်ချီ သော တင့်ကားများနှင့် သံချပ်ကာယာဉ်များကို ဖျက်ဆီးနိုင်ခဲ့သလို ယူကရိန်းတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို သတ်ပစ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။
ယူကရိန်းတပ်ဖွဲ့များသည် ရွာ(၈)ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ပြောကြား ခဲ့သော်လည်း ရုရှားတပ်စွဲထားသောနေရာများကို လက်ရှိအချိန်အထိ ယူကရိန်းတပ်ဖွဲ့များ ထိုးဖောက်ဝင်ရောက်မှု မရှိသေးကြောင်း သိရသည်။ ယူကရိန်းတပ်ဖွဲ့များ၏ တန်ပြန်ထိုးစစ်ဆင်မှုလမ်းကြောင်းတွင် ကတုတ်ကျင်းများ၊ မိုင်းကွင်းများ၊ ခံတပ်များသည် ရုရှား၏ အမြောက်များ နှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းတပ်ဖွဲ့ဝင် (၇၅ဝဝ)ခန့် နှင့် အနောက်အုပ်စုနိုင်ငံများမှ ထောက်ပံ့ပေးသော တင့်ကားများနှင့် သံချပ်ကာယာဉ်များ (၃ဝ) ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရကြောင်း ရုရှားဖက်က ခန့်မှန်းပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (၆)ခုကို လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ