Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်တွေပြည်သူ့ဆေးရုံကြီး အပါအဝင် ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာနေရာ(၉)ခု၌ အင်တာနက်ဝန်ဆောင်မှုကို (၃)နှစ်အခမဲ့အသုံးပြုနိုင်ရန် ဆောင်ရွက်နေ

ယွန်း (NSS) - ဇွန် ၂၂

စစ်တွေပြည်သူ့ဆေးရုံကြီး အပါအဝင် စစ်တွေမြို့ရှိ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာနေရာ(၉)ခု၌ အင်တာနက်ဝန်ဆောင်မှုကို (၃)နှစ်အခမဲ့အသုံးပြုနိုင်ရန် ဆောင်ရွက်နေကြောင်း နစကမှ သိရသည်။

ပညာ‌ရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍများတွင် အသုံးပြုနိုင်ရန်အတွက် အော်ပရေတာ(၄)ခုမှ အင်တာနက်ဝန်ဆောင်မှုကို သုံးနှစ်အခမဲ့ အသုံးပြုနိုင်ရေးကို စီစဥ်ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ၌ စစ်တွေပြည်သူ့ဆေးရုံကြီးနှင့် ကွန်ပျူတာတက္ကသိုလ်တွင် MPT ကလည်းကောင်း၊ စစ်တွေတက္ကသိုလ်၊ စစ်တွေပြည်သူ့ဆေးရုံကြီး၊ ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာတို့၌ MYTEL ကလည်းကောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလားတူ သူနာပြုသင်တန်းကျောင်းနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့တွင် ATOM ကလည်း ကောင်း၊ စစ်တွေနည်းပညာတက္ကသိုလ်နှင့် တိုင်းရင်းဆေးရုံကြီးတို့၌ OOREDOO ကလည်းကောင်း ‌အင်တာနက်ဝန်ဆောင်မှုအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဆက်သွယ်ရေး‌အော်ပရေတာများမှ ၎င်းတို့၏ မိုဘိုင်းဖုန်းအချင်းချင်းခေါ်ဆိုမှုကို ဇွန်လ(၁၅)ရက်မှ (၃ဝ)ရက်အထိ အကန့်အသတ်မဲ့ဖုန်းခေါ်ဆိုခွင့်၊ SMS အခမဲ့ပေးပို့ခွင့်နှင့် အင်တာနက်ဒေတာ စုစုပေါင်း (5 GB)တို့ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မိုခါမုန်တိုင်း မကျရောက်မီက ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးအော်ပရေတာ(၄)ခု၏ မိုဘိုင်းစခန်းပေါင်း (၁၂၃၃)ခုရှိခဲ့ကြောင်း သိရသည်။

သို့သော် ပြီးခဲ့သည့် မေလ(၁၄)ရက်တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် အဆိုပါ မိုဘိုင်းစခန်းများအနက် စခန်းပေါင်း (၉ဝ၄)ခုဆက်သွယ်မှု ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ(၂၃)ရက်အထိ မိုဘိုင်းစခန်းပေါင်း(၆၄၇)ခုကို ပြန်လည်ပြုပြင်နိုင်ခဲ့ပြီး ယခင်မိုဘိုင်းစခန်းများ အပါအဝင် စုစုပေါင်း မိုဘိုင်းစခန်း (၉၇၆)ခုကို ပြုပြင်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားကို တန်ပြန်ထိုးစစ်ဆင်မှုက မျှော်လင့်ထားသည့် ရလဒ်အတိုင်းမဖြစ်ခဲ့ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးပြော

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved