အိန္ဒိယဝန်ကြီးချုပ် နဲ့ အမေရိကန်သမ္မတတို့ တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာအရေးဆွေးနွေးမယ်ဆိုတဲ့အချက် မှန်ကန်မှုမရှိဟုဆို
ဂျန်ဇက် (NSS) - ဇွန် ၂၂
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သော Vinay Kwatra က ဝန်ကြီးချုပ်မိုဒီ နဲ့ အမေရိကန်သမ္မတတို့ တွေ့ဆုံဆွေးနွေးချိန်မှာ ဒေသအတွင်း နဲ့ ကမ္ဘာ့အခြေအနေတွေကို အဓိကဆွေးနွေးမှာဖြစ်ပြီး မြန်မာ အရေးကို ထည့်သွင်းဆွေးနွေးမယ်ဆိုတာ မှန်ကန်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ အမေရိကန်နိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်နေပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာအရေးကို ထည့်သွင်းဆွေးနွေးဖွယ်ရှိနေတယ်လို့ သတင်းများထွက်ပေါ်လာ ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။
၎င်းက "မြန်မာနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး အိန္ဒိယရဲ့ရပ်တည်ချက်က ရှင်းလင်းပါတယ်။ အမေရိကန်အစိုးရ ကိုယ်တိုင် အိန္ဒိယရဲ့ရပ်တည်ချက်ကို နားလည်ပါတယ်။ မြန်မာနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံတို့ဟာ နယ်နိမိတ် ရှည်လျားစွာ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပါတယ်။ အိန္ဒိယဟာ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ကူညီပံ့ပိုးပေးမှုများ ဆက်လက်လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို တည်ငြိမ်မှု နဲ့ ငြိမ်းချမ်းမှုများ ပြန်လည်ဖြစ်စေဖို့ ဆန္ဒရှိနေပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှု တွေပြန်ဖြစ်စေဖို့ ကြိုးစားရမှာဖြစ်တယ်" လို့ ပြောပါတယ်။
အမေရိကန်အစိုးရဟာ အိန္ဒိယဝန်ကြီးချုပ်မိုဒီ နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ မြန်မာအရေးနဲ့ပတ်သက်ပြီး စေ့စပ် ဆွေးနွေးမှုများ လုပ်ဆောင်သင့်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိရေးကို ကူညီပေးဖို့ အိန္ဒိယနိုင်ငံကို တိုက်တွန်း တောင်းဆိုသင့်တယ်လို့ အမေရိကန်ရှိ think tanks အဖွဲ့များက မျှော်လင့်နေကြောင်း သိရပါတယ်။
အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်အောင် ကြားဝင်စေ့စပ်ဆွေးနွေးနေပြီး ပြီးခဲ့တဲ့ လပိုင်းက မြန်မာအိမ်နီချင်းနိုင်ငံတွေ ပါဝင်တဲ့ မြန်မာအရေးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအခက်အခဲများဖြစ်လာခဲ့ပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးလာသူများကို လက်ခံပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပံ့ပိုးပေးလျက်ရှိနေတယ်လို့ ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရေးအခက်အခဲများကိုဖြေရှင်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေးက အဓိကအရေးကြီးကြောင်း ကမ္ဘောဒီးယားအစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ