မြန်မာနိုင်ငံရေးအခက်အခဲများကိုဖြေရှင်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေးက အဓိကအရေးကြီးကြောင်း ကမ္ဘောဒီးယားအစိုးရပြော
ဂျန်ဇက် (NSS) - ဇွန် ၂၂
မြန်မာနိုင်ငံရေးအခက်အခဲများကိုဖြေရှင်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေးက အဓိကအရေးကြီးကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Sokkhoeun က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
၎င်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာအရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများထဲမှာ ပါဝင်ခဲ့သူဖြစ်ကြောင်း သိရပါတယ်။
၎င်းက "ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာရေးရပ်တည်ချက်ကို ထိန်းသိမ်းသွားမှာပါ။ ယုံကြည်မှုများ အပြန်အလှန်တည်ဆောက်နိုင်ဖို့အတွက် အာဆီယံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံရေးနဲ့ ဆက်နွယ်ပါဝင်နေတဲ့ stakeholders အားလုံးတွေ့ဆုံ ဆွေးနွေးဖို့လိုအပ်တယ်။ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲမှာ တက်ရောက်လာသူတွေဟာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တယ်။ မြန်မာနိုင်ငံ ကိုယ်တိုင်ဦးဆောင်ပြီး မြန်မာနိုင်ငံရဲ့ကိုယ်ပိုင် နိုင်ငံရေးအဖြေရှာမှုဖြစ်အောင် တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ အရေးကြီးတယ်" လို့ပြောပါတယ်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲတဲ့ မြန်မာအရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အိမ်ရှင်ထိုင်းနိုင်ငံ နဲ့ အင်ဒိုနီးရှားနိုင်ငံကြား သဘောထားကွဲလွဲမှုများဖြစ်လာခဲ့ကြောင်း သိရပါတယ်။ မြန်မာ အရေးကိုဖြေရှင်းနိုင်ရန် ကြိုးပမ်းရာမှာ အာဆီယံသဘောတူညီချက်ငါးချက်ကို လိုက်နာဆောင်ရွက်ရမှာဖြစ်ပြီး မြန်မာနိုင်ငံရေးအခက်အခဲမှာ ပါဝင်နေတဲ့အဖွဲ့အစည်းတစ်ခုတည်းနဲ့ စေ့စပ်ဆွေးနွေးရုံနဲ့ ငြိမ်းချမ်းရေးကို ရယူနိုင် မည်မဟုတ်ဘူးလို့ အင်ဒိုနီးရှားအစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းက မြန်မာအရေးအလွတ်သဘောဆွေးနွေးပွဲက တိုးတက်မှုများရှိခဲ့ပြီး အစည်းအဝေးကို တက်ရောက်လာတဲ့ နိုင်ငံတွေရဲ့ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး အဖြေ ရှာနိုင်ဖို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲများ ထပ်မံလုပ်ဆောင်ဖို့ တောင်းဆိုတိုက်တွန်းမှုများရှိခဲ့တယ်လို့ ပြောပါတယ်။
ဇွန်လ ၁၉ ရက်ကကျင်းပခဲ့တဲ့ မြန်မာအရေးအလွတ် သဘောတွေ့ဆုံဆွေးနွေးပွဲကို စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ တက်ရောက်ခြင်းမရှိခဲ့ပေမယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်း၊ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ၊ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith ၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် Deng Xijun ၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများ၊ သံတမန်များ အပြင် အခြားအာဆီယံနိုင်ငံများက သံတမန်များ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NLD အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို ဒီပဲယင်းPDFတွေ ဖမ်းဆီး၊ ဒေါ်စန္ဒာမင်း-ဦးတိုးလွင်-ဦးအောင်စိုးနဲ့ ဦးဝင်းမြင့်အောင်တို့ကို ပစ်မှတ်ထားနေတဲ့ NUG၊ ပခုက္ကူက မိသားစုတစ်စုလုံးကို PDF သတ်ဖြတ် (၂၁-၆-၂ဝ၂၃)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ