အိန္ဒိယက မြန်မာနိုင်ငံရဲ့ ဆိုလာစွမ်းအင်ကဏ္ဍအတွက် သင်တန်းများပေးအပ်ပြီး ကူညီနေ
ဂျန်ဇက် (NSS) - ဇွန် ၂၂
အိန္ဒိယအပူစွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး NTPC ဟာ မြန်မာနိုင်ငံရဲ့စွမ်းအင်ကဏ္ဍကို ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံသား လျှပ်စစ်ဝန်ထမ်းများကို စွမ်းအင်ကဏ္ဍနဲ့ပတ်သက်ပြီး ပရော်ဖက်ရှင်နယ်သင်တန်းများကို ငါးကြိမ်မြောက် သင်ကြားပေးခဲ့ကြောင်းသိရပါတယ်။
အိန္ဒိယ နဲ့ မြန်မာအစိုးရတို့ စွမ်းအင်နဲ့လျှပ်စစ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ NTPC ဟာ မြန်မာနိုင်ငံသားတွေကို ဆိုလာစွမ်းအင်ကဏ္ဍနဲ့ပတ်သက်ပြီး သင်တန်းများခေါ်ယူကာ လေ့ကျင့်ပေးနေပြီး ငါးကြိမ်မြောက်လေ့ကျင့်သင်ကြားပေးမှုမှာ 'Solar Energy & Photovoltaic (PV) System' အမည်ရှိသင်တန်းကို ပေးခဲ့တာဖြစ်ပါတယ်။ NTPC ဟာ မြန်မာလျှပ်စစ်နဲ့ စွမ်းအင်ဝန်ထမ်းတွေကို ဇွန်လ ၁၉ ရက်မှာ ငါးကြိမ်မြောက်သင်တန်းပေးခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၃ ရက်မှာသင်တန်းပြီးဆုံးသွားမှာဖြစ်ပါတယ်။
အဆိုပါငါးကြိမ်မြောက်သင်တန်းမှာ ဆိုလာ solar PV စီမံကိန်းနဲ့ပတ်သက်ပြီး နည်းပညာပိုင်း၊ အသိပညာပိုင်း ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ပြီး အဓိကထားသင်တန်းပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ NTPC ဟာ မြန်မာ လျှပ်စစ် နဲ့ စွမ်းအင်ဝန်ထမ်းများအတွက် အရင်လေးကြိမ်ပို့ချခဲ့ဖူးတဲ့သင်တန်းတွေမှာ smart grids ၊ နယ်စပ်ဖြတ်ကျော်ပြီးလုပ်ဆောင်တဲ့စွမ်းအင်ကုန်သွယ်ရေး၊ လျှပ်စစ်ကား၊ ဘထ္တရီ နဲ့ အားသွင်းခြင်းဆိုင်ရာလုပ်ငန်းများ၊ microgrids သင်ခန်းများစာကိုလေ့ကျင့်သင်ကြားပေးခဲ့ကြောင်းသိရပါတယ်။
မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ ဆိုလာစွမ်းအင်၊ လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်းများကို စတင်လုပ်ကိုင်ဖို့ စီစဉ်နေရာ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို စွမ်းအင်ပိုင်းနဲ့ပတ်သက်ပြီး လိုအပ်တဲ့သင်တန်းတွေပေးလျက်ရှိနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယဝန်ကြီးချုပ် နဲ့ အမေရိကန်သမ္မတတို့ တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာအရေးဆွေးနွေးမယ်ဆိုတဲ့အချက် မှန်ကန်မှုမရှိဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ