မြန်မာနိုင်ငံကို ပြည်တွင်းစစ်မဖြစ်ပွားအောင် တားဆီးနိုင်ဖို့ အဓိကအရေးကြီးကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် သုံးသပ်
ဂျန်ဇက် (NSS) - ဇွန် ၂၂
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာနိုင်ငံရဲ့အခြေအနေတွေဟာဆိုးရွားနေပြီး ကျယ်ပြန့်သော ပြည်တွင်းစစ်မဖြစ်အောင်တားဆီးဖို့ အဓိကအရေးအကြီးဆုံးဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖနွမ်းပင်မြို့မှာကျင်းပတဲ့ Bak Kheng ရေသန့်စက်ရုံဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်က "ကျွန်တော်ဟာ ဒီနေရာကို ထပ်မံရောက်ရှိလာခဲ့တယ်။ မြန်မာနိုင်ငံရေးအခက် အခဲတွေဟာ ပြည်တွင်းရေးကိစ္စသက်သက်ဖြစ်တယ်လို့ယူဆတဲ့အတွက် ဘာမှမပြောလိုပါဘူး။ မြန်မာ နိုင်ငံဟာ အခက်အခဲပြဿနာတွေကိုဖြေရှင်းနိုင်ခြင်းမရှိသေးဘဲ အခြေအနေတွေဆိုးရွားလာဖွယ်ရှိနေတယ်။ အဓိကအရေးကြီးဆုံးအချက်က မြန်မာနိုင်ငံကို ပြည်တွင်းစစ်ချောက်ကမ်းပါးထဲချော်ကျသွားမှာကို တားဆီးဖို့ဖြစ်တယ်"ဟု ပြောသည်။
"၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလက ကမ္ဘောဒီးယားနိုင်ငံဟာ Bak Kheng ရေသန့်စက် ရုံတည်ဆောက်မှုစတင်ခဲ့တယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းမှုဖြစ်ပွားခဲ့တယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့အခြားအတား အဆီးတွေရှိခဲ့ပေမယ့် ကျွန်တော်တို့ဟာ ဒီနေ့မှာ ရေသန့်စက်ရုံ ပထမအဆင့် ဖွင့်ပွဲအခမ်းအနားကိုကျင်းပနိုင်ခဲ့တယ်။ ငြိမ်းချမ်းမှုရှိတဲ့အတွက် ကမ္ဘောဒီးယားပြည်သူတွေဟာ ပျော်ရွင်နေရတယ်။ ဒါဟာ မြန်မာ နိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံကြား ကွဲပြားခြားနားမှုတွေဖြစ်တယ်။ လက်နက်ကိုင်တိုက်ပွဲတွေကနေ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးခြင်းထက် မြန်မာနိုင်ငံဟာ နောက်ဆုံးမှာဘာရရှိခဲ့သလဲ" ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ ဇွန်လ ၁၉ ရက်က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ဖို့ ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်း ဦးဆောင်တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးအတွင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဟာကတိများကို အလျင်မြန်အကောင်ထည်ဖော်ဖို့ တိုက်တွန်းပြောဆိုခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ An Sokhoeun ကပြောပါတယ်။
မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးမှုကို အာဆီယံမူဘောင်အပြင်ဘက်မှ ကျင်းပခြင်းဖြစ်ပေမယ့် မြန်မာ့နိုင်ငံရေးအခြေအနေများကိုဖြေရှင်းပေးနိုင်ဖို့ ကြိုးပမ်းခြင်းဟာ အာဆီယံအဖွဲ့၏ ကြိုးပမ်းမှုများကိုအထောက်ကူပြုစေဖို့ ရည်ရွယ်တာမျိုးဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအုပ်စုအတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ တိမ်းရှောင်နေရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ