နိုင်ငံတကာပွဲပေါင်း(၂ဝဝ) ကစားခဲ့သည့် ပထမဆုံးသောကစားသမားအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို
Pika (NSS) - ဇွန် ၂၁
ပေါ်တူဂီအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုသည် အိုက်စလန်းအသင်းကို အနိုင်ရရှိခဲ့သည့် ယူရို(၂ဝ၂၄)ခြေစစ်ပွဲတွင် နိုင်ငံတကာပွဲပေါင်း(၂ဝဝ) ကစားခဲ့သည့် ပထမဆုံးသော ကစားသမားအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။
စီရော်နယ်ဒိုသည် ပေါ်တူဂီအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန်(၈၉)မိနစ်တွင် သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါသွင်းဂိုးကို အစောပိုင်းတွင် လူကျွံဘောအဖြစ် ပယ်ချခဲ့သော်လည်း VAR ပြန်ကြည့်ပြီးနောက် ဂိုးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သွင်းဂိုးသည် စီရော်နယ်ဒို၏ နိုင်ငံတကာသွင်းဂိုး(၁၂၃)ဂိုးမြောက် ဖြစ်ကြောင်းလည်း သိရသည်။ စီရော်နယ်ဒိုသည် ကူဝိတ်အသင်းတိုက်စစ်မှူး Bader Al-Mutawa ၏ နိုင်ငံတကာပွဲပေါင်း(၁၉၆)ပွဲ ကစားခဲ့သည့် စံချိန်ကို ချိုးဖျက်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
စီရော်နယ်ဒို က "ကျွန်တော့်အတွက်တော့ ဒါကမယုံနိုင်စရာ အောင်မြင်မှုတစ်ခုပါပဲ။ ဒါက တကယ်ကို အံ့ဩစရာ ကောင်းပါတယ်။ ပြီးတော့ အနိုင်ဂိုးကိုသွင်းယူရတာက ပိုပြီးထူးခြားပါတယ်။ ကျွန်တော့်နိုင်ငံအသင်းအတွက် ကစားတာ ပွဲပေါင်း(၂ဝဝ) ပြည့်သွားတဲ့အတွက် တကယ်ကို ပျော်မိပါတယ်။ ဒါက တကယ်ကိုထူးခြားတဲ့ အခိုက် အတန့်တစ်ခုပါပဲ" ဟု ပြောဆိုခဲ့သည်။
စီရော်နယ်ဒိုသည် (၂ဝဝ၃)ခုနှစ်တွင် ပေါ်တူဂီအသင်းအတွက် ပွဲဦးထွက်ကစားပေးခဲ့ပြီး နှစ်ပေါင်း(၂ဝ) ကြာ ကစားပေးထားကြောင်းလည်း သိရသည်။ စပို့တင်းလစ္စဘွန်း၊ မန်ယူ၊ ရီးရဲလ်မက်ဒရစ် နှင့် ဂျူဗင်တပ်အသင်းတို့၏ တိုက်စစ်မှူးဟောင်း စီရော်နယ်ဒိုသည် Ballon d'Or ဆုကို ငါးကြိမ်ထိ ဆွတ်ခူးထားနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး မည့်သည့်ဘက်မှ ရပ်တည်ပေးခြင်းမျိုးမရှိကြောင်း ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ ပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း