ဗီယက်နမ်ရောက် မြန်မာနိုင်ငံသားများနှင့် စီးပွားရေးကုမ္ပဏီများက မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ထောက်ပံ့ငွေများလှူဒါန်း
ရဲပြည့် (NSS) - ဇွန် ၂၁
ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် စီးပွားရေးကုမ္ပဏီများက “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေများလှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာသံရုံး၊ ဟနွိုင်းမြို့အနေဖြင့် ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဟိုချီမင်းမြို့ရှိ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာ-ဗီယက်နမ်ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံနှင့်တွဲဖက်၍ စီမံကိန်းများ ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းကုမ္ပဏီများသို့ လည်းကောင်း၊ ဗီယက်နမ်နိုင်ငံရှိ မြန်မာနိုင်ငံသားများထံသို့ လည်းကောင်း၊ တရားဝင်စာများပေးပို့ခြင်း၊ မြန်မာသံရုံး Social Media များမှလည်း ကြော်ငြာခြင်းတို့ဖြင့် အလှူငွေနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေး အပ်ရေးအတွက် မေတ္တာရပ်ခံအကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။
ယင်းသို့ မေတ္တာရပ်ခံခဲ့သည့်အတွက် “မိုခါ”မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ဗီယက်နမ်နိုင်ငံရှိ စီးပွားရေးကုမ္ပဏီများတို့မှ ပေးပို့လှူဒါန်းလျက်ရှိကြောင်းသိရသည်။
ထို့ကြောင့် အမေရိကန်ဒေါ်လာ (၄,၃၃၆) နှင့် မြန်မာကျပ်ငွေ (၂)သိန်းတို့အား စုပေါင်းထည့်ဝင် လှူဒါန်းခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘဏ္ဍာနှစ် (၂)လတာကာလအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၆)ဘီလျံကျော်ရှိ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း