ကိုရီးယားရှိ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်က မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကိုရီးယားဝမ်(၅)သန်း လှူဒါန်း
ယွန်း (NSS) - ဇွန် ၂ဝ
ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်က မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကိုရီးယားဝမ်(၅)သန်း လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(ဇွန်လ ၂ဝ ရက်) နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုခါမုန်တိုင်းဘေးသင့်ဒေသရှိ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အင်ချွန်းမြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Cheol Hong Huh က ကိုရီးယားဝမ်ငါးသန်းတိတိကို လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၎င်းလှူဒါန်းငွေများကို မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လာရောက်လှူဒါန်းခဲ့ပြီး မြန်မာသံအမတ် ဦးသန့်စင်က လက်ခံခဲ့ကာ မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတကာပြပွဲများ၌ မြန်မာ့ကျောက်မျက်ရတနာများ ဝင်ရောက်ပြသနိုင်ရေးကို ကုန်သည်စက်မှုအသင်းချုပ်မှ ချိတ်ဆက်ဆောင်ရွက်ပေးမည်ဟုဆို
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း