မိုခါမုန်တိုင်းဘေးသင့်ပြည်သူများအတွက် SMS စာတိုဖြင့် အလှူငွေများ လှူဒါန်းနိုင်ဟုဆို
ယွန်း (NSS) - ဇွန် ၂ဝ
မိုခါမုန်တိုင်းဘေးသင့် ပြည်သူများအတွက် SMS စာတိုဖြင့် အလှူငွေများ လှူဒါန်းနိုင်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ဇွန်လ(၁၉)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလ(၁၄)ရက်တွင် ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မုန်တိုင်းဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်များအား ပိုမိုအဆင် ပြေစေရေးအတွက် ပြည်သူများအသုံးပြုမှုများသည့် မိုဘိုင်းဖုန်းများမှတဆင့် SMS(စာတို)ဖြင့် လှူဒါန်းငွေများပေးပို့နိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ပြည်သူများအနေဖြင့် မိမိတို့အသုံးပြုနေသော ဖုန်းများမှတဆင့် 9090 သို့ 500 ဟု SMS ပေးပို့ပြီး တစ်ကြိမ်လျှင် (၅ဝဝ) ကျပ်နှုန်းဖြင့် လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်ပတ်လည် အစီရင်ခံစာတင်ပြရန် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီ (၁၅ဝ)အား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း