ယူကရိန်းနိုင်ငံရဲ့ နေတိုးအုပ်စုဝင်နိုင်ငံဖြစ်ရေးလမ်းကြောင်းက လွယ်ကူချောမွေ့မှာမဟုတ်ကြောင်း အမေရိကန် သမ္မတပြော
ဂျန်ဇက် (NP News) - ဇွန် ၁၈
အမေရိကန်နိုင်ငံအနေနဲ့ ယူကရိန်းကို နေတိုးအုပ်စုဝင်နိုင်ငံဖြစ်လာစေဖို့ အထူးအခွင့်အရေးတစ်ရပ်ပေးသွားမှာ မဟုတ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတက ယူကရိန်းဟာ ရုရှားနဲ့စစ်ဖြစ်နေပေမယ့် နေတိုးအုပ်စုဝင်နိုင်ငံအဖြစ်ပါဝင်ရေးက ချောမွေ့မှာ မဟုတ်ကြောင်း ပြောပါတယ်။ အမေရိကန်သမ္မတ က "ယူကရိန်းဟာ နေတိုးအုပ်စုဝင်နိုင်ငံဖြစ်ရေးအတွက် သတ်မှတ်ထားတဲ့စည်းကမ်းများအတိုင်းသာ လုပ်ဆောင်ရမှာဖြစ်တယ်။ ယူကရိန်းရဲ့ နေတိုးအုပ်စုဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းမှုတွေက လွယ်ကူမှာတော့ မဟုတ်ဘူး" လို့ ပြောပါတယ်။
အမေရိကန်သမ္မတဟာ လာမယ့်လမှာကျင်းပမယ့် နေတိုးထိပ်သီးအစည်းအဝေးမတိုင်ခင် ယူကရိန်းကို နေတိုး အဖွဲ့ဝင်နိုင်ငံဖြစ်ရေးနဲ့ပတ်သက်ပြီး ရည်ရွယ်ပြောဆိုလိုက်တာဖြစ်ပါတယ်။ နေတိုးအဖွဲ့အကြီးအကဲ ဂျန်စတို တန်ဘတ်ချ်ကလည်း လာမယ့်လအတွင်း ကျင်းပမယ့် နေတိုးထိပ်သီးအစည်းအဝေးမှာ ယူကရိန်းနဲ့ပတ်သက်ပြီး လုံခြုံရေးကိစ္စများကို အဓိကထား ဆွေးနွေးတိုင်ပင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
အဆိုပါ ထိပ်သီးအစည်းဝေးအတွင်း ယူကရိန်းကို နေတိုးအုပ်စုဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ပေးရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမှာ မဟုတ်ကြောင်း ဂျန်စတိုတန်ဘတ်ချ် က ပြောပါတယ်။ ယူကရိန်းဟာ ရုရှားနဲ့စစ်ပွဲမဖြစ်ခင်ကတည်းက နေတိုးအုပ်စုဝင်နိုင်ငံဖြစ်ဖို့ ဆန္ဒပြင်းပြနေခဲ့ကြောင်း သိရပါတယ်။
ယူကရိန်းဟာ ရုရှားက သတိပေးမှုများရှိနေတဲ့ကြားကနေ နေတိုးအုပ်စုဝင်နိုင်ငံဖြစ်ရေး အရှိန်မြင့်လာခဲ့ခြင်း ကြောင့် ရုရှားနဲ့ ယူကရိန်းကြားစစ်ပွဲ ဖြစ်လာခဲ့ပါတယ်။ ရုရှားနဲ့ စစ်ပွဲဖြစ်လာချိန်မှာလည်း ယူကရိန်းဟာ နေတိုး အုပ်စုဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရဖို့ ဆက်လက်ကြိုးပမ်းနေခဲ့ကြောင်း သိရပါတယ်။
ယူကရိန်းဟာ ရုရှားနဲ့စစ်ပွဲဖြစ်ပွားနေခြင်းကြောင့် နေတိုးအုပ်စုဝင်နိုင်ငံအချို့က ယူကရိန်းကို အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်ခွင့်ပေးဖို့ လိုလားခြင်းမရှိကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်းများ ဆောင်ရွက်ပြီးစီးပါက ကီလိုမီတာ(၁ဝဝ)အမြန်နှုန်းဖြင့် ရထားများ ပြေးဆွဲနိုင်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ