ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်းများ ဆောင်ရွက်ပြီးစီးပါက ကီလိုမီတာ(၁ဝဝ)အမြန်နှုန်းဖြင့် ရထားများ ပြေးဆွဲနိုင်မည်
ယွန်း (NSS) - ဇွန် ၁၈
ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေး စီမံကိန်းများ ဆောင်ရွက်ပြီးစီးပါက ရထားများကို တစ်နာရီလျှင် အမြန်နှုန်း ကီလိုမီတာ(၁ဝဝ)အထိ ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြီးခဲ့သည့် ရက်ပိုင်းက တောင်ငူ- ညောင်လေးပင်- ပဲခူး- ရန်ကုန် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ဆိုခဲ့ခြင်းဖြစ်သည်။
ဘူတာများကို renovation ပြန်လည်ပြုလုပ်ရာတွင်လည်း ရှေးမူမပျက် အရည်အသွေးနှင့် လက်ရာလက် သား ကောင်းမွန်စေရေးကို စီမံကိန်းအင်ဂျင်နီယာများက စနစ်တကျကြီးကြပ်ဆောင်ရွက်ရန် ၎င်းက တိုက်တွန်းပြောဆိုထားသည်။
ထို့ပြင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အမြန်နှုန်း ကီလိုမီတာ(၁ဝဝ) အထိ ပြေးဆွဲနိုင်မည်ဖြစ်သည့်အတွက် တံတားလုပ်ငန်းများနှင့် အချက်ပြဆက်သွယ်ရေးတပ်ဆင်ခြင်းများကိုလည်း တစ်ပြိုင်နက် ပြီးစီးအောင်ဆောင်ရွက်ရန် ဒုဝန်ကြီးက အသိပေးပြောဆိုခဲ့သည်။
ရန်ကုန်-တောင်ငူလမ်းပိုင်းသည် ရန်ကုန် - မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် ပါဝင်ပြီး ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ရထားလမ်းအဆင့် မြှင့်တင်တည်ဆောက်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အလားတူ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် Diesel Electric Multiple Unit(DEMU) ရထားများ ရောက်ရှိပြေးဆွဲချိန်တွင်လည်း လမ်းပိုင်းအတွင်း အမြန်နှုန်းကီလိုမီတာ တိုးမြှင့်ပြေးဆွဲရန် စီစဥ်ထားကြောင်း သိရသည်။
သို့ဖြစ်၍ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအား ပြုပြင်ထိန်းသိမ်းရာတွင် Main-tenance Maunal အတိုင်းပြုပြင်ထိန်းသိမ်းရန် ဒုဝန်ကြီးက ဆက်လက်ပြောဆိုထားသည်။
ထို့ပြင် ရထားများ ယခုထက် အမြန်နှုန်းတိုးမြှင့်ပြေးဆွဲရန်အတွက် ရထားလမ်းများ အားလုံးကို ကီလို မီတာ(၁ဝဝ) အမြန်နှုန်းအထိ မောင်းနှင်နိုင်ရေးကို မူလရည်မှန်းချက်အဖြစ် ဆောင်ရွက်ရန်လည်း နစကဥက္ကဋ္ဌက ပြီးခဲ့သည့် မေလက တိုက်တွန်းထားခဲ့သည်။
ရထားလမ်းများကို သွားလာရာတွင် အသုံးပြုသကဲ့သို့ ကုန်ပစ္စည်းများတင်ပို့မှုတွင်လည်း အသုံးပြုခြင်းကြောင့် ရထားလမ်းများ၏ ခံနိုင်ရည်အား ကောင်းမွန်ရေးကို စနစ်တကျတည်ဆောက်ရန်လိုကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ ရထားများအနေဖြင့် တစ်နာရီလျှင် ကီလိုမီတာ(၆ဝ)နှုန်းဖြင့်သာ မောင်းနှင်နေကြောင်းသိရပြီး လစဥ်မိုင်နှုန်း ပြောင်းလဲမှုများရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြင်းခြံမြို့နယ်ရှိ ကားလမ်းဘေး၌ လက်လုပ်မိုင်း(၆)လုံးအပါအဝင် အခြားဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း