ဘီလာရုစ့်နိုင်ငံမှာ နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်ကို ပထမဆုံးအကြိမ် ဖြန့်ကြတ်ချထားလိုက်ကြောင်း ရုရှားသမ္မတပြော
ဂျန်ဇက် (NSS) - ဇွန် ၁၈
ရုရှားသမ္မတပူတင်က ရုရှားနိုင်ငံအနေနဲ့ ၎င်းတို့ရဲ့နျူကလီးယားထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည်ကို ဘီလာရုစ့်နိုင်ငံမှာ ပထမဆုံးအကြိမ် ဖြန့်ကြတ်ချထားလိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရုရှားဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်ဦးဆောင်တဲ့ နေတိုးအုပ်စု နဲ့တင်းမာမှုအရှိန်မြင့်တက်လာချိန် မှာ ဘီလာရုစ့်နိုင်ငံမှာ နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်ကို ပထမဆုံးအကြိမ်ဖြန့်ကြတ်ချထားလိုက်ခြင်း ဖြစ်ပါတယ်။ ပူတင်က "ဘီလာရုစ့်နိုင်ငံကို နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်တွေ ပထမဆုံးအကြိမ် ရောက်ရှိသွား ပါတယ်။ နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်တစ်စင်းထဲ ဖြန့်ကြတ်ချထားမှာမဟုတ်ဘူး။ ဒီနှစ်အကုန် ဒါမှမဟုတ် နွေရာသီအကုန်အထိ နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်တွေ ဖြန့်ကြတ်ချထားမှာပါ" လို့ ပြောပါတယ်။
ဘီလာရုစ့်နိုင်ငံမှာ ရုရှားနိုင်ငံက နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်များဖြန့်ကြတ်ချထားမှုကို အမေရိကန်၊ နေတိုး အုပ်စုနဲ့ တရုတ်နိုင်ငံတို့က စောင့်ကြည့်လျက်ရှိနေကြောင်း သိရပါတယ်။ နေတိုးအုပ်စု နဲ့ မဟာမိတ်နိုင်ငံတွေဟာ ယူကရိန်းကို အသုံးချပြီး ရုရှားကို စစ်ရေးဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် အလွန်အန္တရာယ် ဖြစ်လာဖွယ်ရှိနေကြောင်း သိရပါတယ်။ ရုရှားဟာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်း နိုင်ငံပြင်ပမှာ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တွေကို ပထမဆုံးအကြိမ် ဖြန့်ကြတ်ချထားလိုက်တာဖြစ်ပါတယ်။ ရုရှားသမ္မတ က နိုင်ငံဖြစ်တည်မှု၊ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လာမယ်ဆိုရင် နျူကလီးယားလက်နက်များကို အသုံးပြု သွားမှာဖြစ်ကြောင်း သတိပေးထားပါတယ်။
ယူကရိန်းဟာ ရုရှားအစိုးရက သတိပေးမှုများရှိနေတဲ့ကြားကနေ အမေရိကန်ဦးဆောင်တဲ့နေတိုးအုပ်စုထဲကို အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ဖို့ကြိုးပမ်းရာမှာ ယူကရိန်းနဲ့ ရုရှားကြားစစ်ပွဲ စတင်ဖြစ်ပွားလာခဲ့တာမျိုးဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရီးသည် ၁၂ဝ ခန့် တင်ဆောင်လာတဲ့ ဖယ်ရီသင်္ဘောတစ်စီး ဖိလစ်ပိုင်ပင်လယ်ပြင်မှာ မီးလောင်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ