ခရီးသည် ၁၂ဝ ခန့် တင်ဆောင်လာတဲ့ ဖယ်ရီသင်္ဘောတစ်စီး ဖိလစ်ပိုင်ပင်လယ်ပြင်မှာ မီးလောင်မှုဖြစ်ပွား
ရောင်နီ (NSS) - ဇွန် ၁၈
ခရီးသည်နဲ့ အမှုထမ်း ၁၂ဝ ခန့် တင်ဆောင်လာတဲ့ ဖယ်ရီသင်္ဘောတစ်စီး ပင်လယ်ပြင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး သင်္ဘောပေါ်ပါလာသူတွေကို ကယ်ဆယ်ဖို့နဲ့ မီးငြှိမ်းသတ်ဖို့အတွက် ကမ်းခြေစောင့်သင်္ဘောတစ်စင်း ဖြန့်ကျက်ချ ထားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
M/V Esperanza Star ဖယ်ရီသင်္ဘောဟာ ဖိလစ်ပိုင်အလယ်ပိုင်း၊ စီကွာဂျာပြည်နယ်မှ ဘိုဟိုးလ်ပြည်နယ်ကို ကူးသန်းသွားလာစဉ် တနင်္ဂနွေနေ့ (ဇွန်လ ၁၈ ရက်) အရုဏ်တက်ချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ကယ်ဆယ်နိုင်ခဲ့တဲ့ လူအရေအတွက် (သို့မဟုတ်) အသေအပျောက် ရှိ၊ မရှိကို မသိရသေးပါဘူး။ ကမ်းရိုးတန်းစောင့်တပ်မှ ထုတ်ပြန်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာ သင်္ဘောရဲ့ ကုန်းပတ် နှစ်ခုမှ မီးတောက်တွေနဲ့ မီးခိုးမည်းတွေ ထွက်နေပြီး အခြားသင်္ဘောတစ်စင်းပေါ်မှာ ကမ်းခြေစောင့်တပ်သားတွေက မီးသတ်ပိုက်နဲ့ မီးငြှိမ်းသတ်ဖို့ ကြိုးစားနေတာကို မြင်တွေ့ရပါတယ်။
မကြာခဏ မုန်တိုင်းတိုက်ခြင်း၊ သင်္ဘောတွေရဲ့ လုံခြုံရေး အားနည်းခြင်းတို့ကြောင့် ဖိလစ်ပိုင်ကျွန်းစု ပင်လယ် ရေကြောင်းလမ်းတွေမှာ မတော်တဆမှုတွေ အဖြစ်များပါတယ်။ မတ်လက တောင်ပိုင်းကျွန်းပြည်နယ်၊ ဘာစီလန် မှ လူ ၂၅ဝ ခန့် တင်ဆောင်လာတဲ့ ကူးတို့သင်္ဘော မီးလောင်မှုကြောင့် ခရီးသည်တွေနဲ့ အမှုထမ်း ၃၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလက ဖယ်ရီသင်္ဘော Dona Paz နဲ့ လာင်စာဆီတင်သင်္ဘော တိုက်မိပြီး လူပေါင်း ၄၃ဝဝ ကျော် သေဆုံးခဲ့ကာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ရေကြောင်းဘေးအန္တရာယ်ထဲမှတစ်ခု ဖြစ်လာခဲ့ ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းနိုင်ငံရဲ့ နေတိုးအုပ်စုဝင်နိုင်ငံဖြစ်ရေးလမ်းကြောင်းက လွယ်ကူချောမွေ့မှာမဟုတ်ကြောင်း အမေရိကန် သမ္မတပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း