အိန္ဒိယနိုင်ငံမှာ နေ့အပူရှိန်လွန်ကဲခြင်းကြောင့် (၂) ရက်အတွင်း လူ (၃၄) ဦးထက်မနည်း သေဆုံး
ရောင်နီ (NSS) - ဇွန် ၁၇
အိန္ဒိယမြောက်ပိုင်းပြည်နယ် အက်တာပရာဒက်ရှ်မှာ ပြင်းထန်အပူချိန်ကြောင့် ပြီးခဲ့တဲ့ နှစ်ရက်အတွင်း လူ (၃၄)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက စနေနေ့ (ဇွန်လ ၁၇ ရက်)မှာ ပြောကြားခဲ့ပါတယ်။
အသက် ၆ဝ နှစ်နဲ့အထက် နေထိုင်သူတွေကို နေ့ခင်းဘက် အိမ်ထဲမှာသာနေကြဖို့ အကြံပေးထားပါတယ်။ သေဆုံးသူ အားလုံးဟာ ရောဂါအခံရှိတဲ့ အသက် ၆ဝ ကျော်လူတွေဖြစ်ပြီး ပြင်းလွန်းတဲ့အပူရှိန်ဟာ ၎င်းတို့ရဲ့ နဂိုရှိရင်းစွဲ ကျန်းမာရေးအခြေအနေတွေကို ပိုမိုဆိုးရွားစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ သေဆုံးမှုတွေဟာ အက်တာပရာဒက်ရှ် ပြည်နယ်၊ မြို့တော် လက်ခ်နိုးအရှေ့တောင်ဘက် ကီလိုမီတာ ၂ဝဝ ခန့်အကွာ ဘာလီယာခရိုင်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
ကြာသပတေးနေ့(ဇွန်လ ၁၅ ရက်)က သေဆုံးမှု (၂၃) မှု အစီရင်ခံခဲ့ပြီး သောကြာနေ့(ဇွန်လ ၁၆ ရက်) မှာတော့ နောက်ထပ် (၁၁) ဦး သေဆုံးခဲ့တယ်လို့ ဘာလီယာ ဆေးဘက်ဆိုင်ရာအရာရှိချုပ် ဂျေးရန့်ကူးမား က ပြောကြားခဲ့ပါတယ်။ သေဆုံးသူ တစ်ဦးချင်းစီဟာ ဖျားနာမှုတွေ ခံစားနေရပြီး ပြင်းထန်တဲ့ အပူဒဏ်ကြောင့် သူတို့ရဲ့ ကျန်းမာရေး အခြေအနေတွေ ပိုဆိုးလာခဲ့ပြီး နှလုံးဖောက်ခြင်း၊ ဦးနှောက်လေဖြတ်ခြင်းနဲ့ ဝမ်းလျှောခြင်းတို့ဖြစ်ကာ သေဆုံးခဲ့ရတယ်လို့ ကူးမားက ဆိုပါတယ်။
အိန္ဒိယနိုင်ငံ မိုးလေဝသဌာန အချက်အလက်များအရ ဘာလီယာဟာ သောကြာနေ့(ဇွန်လ ၁၆ ရက်) က အမြင့်ဆုံးအပူချိန် ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ပုံမှန်ထက် ၄ ဒသမ ၇ ဒီဂရီစင်တီဂရိတ်မြင့်တက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ပူပြင်းတဲ့ နွေရာသီဟာ ပြည်နယ်တစ်ဝှမ်း လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီး မီးပြတ်တောက်မှုကြောင့် ဆန္ဒပြမှုတွေပါ ပေါ်ပေါက်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗီယက်နမ်စစ်ပွဲကို ရပ်ဆိုင်းစေခဲ့သူ အမေရိကန်စစ်ပြန်ကြီး အသက် (၉၂) နှစ်အရွယ်၌ ကွယ်လွန် (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ