ဘာစီလိုနာက မန်စီးတီးကွင်းလယ်လူ ဂွန်ဒိုဂန်ကို ခေါ်ယူရန်ကြိုးပမ်းနေ
Pika (NSS) - ဇွန် ၁၇
ဘာစီလိုနာအသင်းသည် အာဂျင်တီးနားအသင်းတိုက်စစ်မှူးမက်ဆီကို ပြန်လည်ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပြီးနောက် မန်စီးတီးအသင်းကွင်းလယ်ကစားသမား ဂွန်ဒိုဂန်ကိုခေါ်ယူနိုင်ရန်အတွက် ကြိုးပမ်းမှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်လာခဲ့ကြောင်းသိရသည်။
ဂွန်ဒိုဂန်သည် ယခုလကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှထွက်ခွါရန် စီစဉ်နေပြီး ဘာစီလိုနာအသင်းသည် ၎င်းကိုခေါ်ယူနိုင်ရန်အတွက် အစွမ်းကုန်လုပ်ဆောင်နေကြောင်းသိရသည်။ ဘာစီလိုနာအသင်းနည်းပြဇာဗီသည် ဂွန်ဒိုဂန်ကို ၎င်း၏အစီအစဉ်များထဲတွင် အရေးပါသော ကစားသမားတစ်ဦးအဖြစ် ရှုမြင်ထားပြီး (၃)နှစ်သက်တမ်းရှိ သဘောတူစာချုပ်ကို ကမ်းလှမ်းရန် အဆင်သင့်ဖြစ်နေကြောင်းသိရသည်။
ဇာဗီသည် ဂွန်ဒိုဂန်ကိုခေါ်ယူနိုင်ရန်အတွက် ဆွေးနွေးမှုများ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီး ဘာစီလိုနာအသင်းတွင် ဂွန်ဒိုဂန်ကစားရမည့် အခန်းကဏ္ဍများကိုလည်း အသေးစိတ်ရှင်းပြခဲ့ကြောင်းသိရသည်။သို့သော်လည်း ဘာစီလိုနာအသင်း၏ ရှုပ်ထွေးသော ဘဏ္ဍာရေးအခက်အခဲကြောင့် ဂွန်ဒိုဂန်ကို ခေါ်ယူနိုင်ခြင်းရှိ၊ မရှိဆိုသည့်အချက်သည် မသေချာမရေရာဖြစ်နေကြောင်းသိရသည်။ ဘာစီလိုနာအသင်းသည် လက်ရှိကစားသမားအချို့ကို စာချုပ်သစ်ချုပ်ဆိုရန်နှင့် လူသစ်ခေါ်ယူနိုင်ရန်အတွက် ယူရိုသန်း(၂ဝဝ)ခန့် လိုအပ်နေကြောင်း အချို့သော ခန့်မှန်းချက်များအရသိရသည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် ဂွန်ဒိုဂန်ကို အသင်းတွင်သာ ဆက်ခေါ်ထားရန် စိတ်အားထက်သန်နေပြီး စာချုပ်ထပ်မံသက်တမ်းတိုးရန်အတွက် ၎င်းကိုတွန်းအားပေးနေကြောင်းလည်းသိရသည်။ သို့သော်လည်း ဂွန်ဒိုဂန်သည် ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက် မချရသေးကြောင်း ၎င်း၏ကိုယ်စားလှယ်များက အခိုင်အမာပြောဆိုထားပြီး အာဆင်နယ်အသင်းသည်လည်း ဂွန်ဒိုဂန်ကိုခေါ်ယူနိုင်ရန်အတွက် ဘာစီလိုနာအသင်းနှင့်အပြိုင် ကြိုးပမ်းနိုင်ဖွယ်ရှိနေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံမှာ နေ့အပူရှိန်လွန်ကဲခြင်းကြောင့် (၂) ရက်အတွင်း လူ (၃၄) ဦးထက်မနည်း သေဆုံး
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း