သေဒဏ်ပါဝင်တဲ့ LGBTQ ဆန့်ကျင်ရေး ဥပဒေကြောင့် ယူဂန်ဒါအရာရှိတွေကို အမေရိကန်က ခရီးသွားလာခွင့် ကန့်သတ်
ရောင်နီ (NSS) - ဇွန် ၁၇
ပြီးခဲ့တဲ့လက ယူဂန်ဒါ သမ္မတ ရိုဝါရီမူဆယ်ဗယ်နီ လက်မှတ်ရေးထိုးခဲ့တဲ့ LGBTQ ဆန့်ကျင်ရေး ဥပဒေကြောင့် ယူဂန်ဒါအရာရှိတွေကို အမေရိကန်က ခရီးသွားလာခွင့်ကန့်သတ်ချက်တွေ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ယူဂန်ဒါရဲ့ ဒီဥပဒေဟာ ကမ္ဘာပေါ်မှာ အကြမ်းတမ်းဆုံး ဥပဒေတစ်ခုအဖြစ် ရှုတ်ချခံထားရပါတယ်။ ပြဋ္ဌာန်းချက်တွေထဲမှာ လိင်တူဆက်ဆံခြင်းမှ HIV ကူးစက်ခြင်း အပါအဝင် “ပြင်းထန်လိင်တူဆက်ဆံမှု”နဲ့ သေဒဏ်ချမှတ်နိုင်တဲ့အထိ ပြင်းထန်ပါတယ်။ လိင်တူဆက်ဆံမှုအတွက် တစ်သက်တစ်ကျွန်းနဲ့ လိင်တူဆက်ဆံမှုကို အားပေးမှုအတွက် ထောင်ဒဏ် အနှစ် (၂ဝ) သတ်မှတ်ထားပါတယ်။ လိင်တူချစ်သူများ ဆန့်ကျင်ရေး အက်ဥပဒေ ၂ဝ၂၃ လို့ အမည်ပေးထားတဲ့ အဆိုပါဥပဒေကို ကိုးကားပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ " LGBTQI+ ပုဂ္ဂိုလ်များ သို့မဟုတ် LGBTQI+ ချစ်သူ အမေရိကန်များအတွက် ယူဂန်ဒါနိုင်ငံကို ခရီးသွားမယ်ဆိုရင် တရားစွဲခံရနိုင်တဲ့ အန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားပါတယ်။ လိင်တူချစ်သူတွေဟာ ရှေးရိုးစွဲဝါဒီနဲ့ ဘာသာရေး အလွန်ကိုင်းရှိုင်းတဲ့ အရှေ့အာဖရိကနိုင်ငံမှာ တရားမဝင်ဖြစ်နေပြီဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်နေတယ်လို့ လေ့လာသူတွေက ပြောကြားပါတယ်။
ယူဂန်ဒါအစိုးရရဲ့ အဲဒီလို လုပ်ဆောင်မှုဟာ ကမ္ဘာ့လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောဆိုခဲ့ပြီး ယူဂန်ဒါအပေါ် အကူအညီများ ဖြတ်တောက်မှုနဲ့ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပါတယ်။ ယူဂန်ဒါ အရာရှိတွေအပေါ် ဗီဇာကန့်သတ်ချက်တွေကို အစိုးရက စဉ်းစားသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြီးခဲ့တဲ့လက ပြောပါတယ်။ အနောက်နိုင်ငံအများအပြားနဲ့ ကုလသမဂ္ဂ ပညာရှင်များက အဆိုပါဥပဒေကို ရှုတ်ချခဲ့ကြပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေပေါက်ကံမြို့သစ်ရှိ ဒန်အရည်ကြိုလုပ်ငန်းတစ်ခု၌ ဘလောက်တုံးများ အပူလွန်ကာ ပေါက်ကွဲမှုဖြစ်ပွား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း