လာမည့်ရွေးကောက်ပွဲကို သမ္မတဂျိုးဘိုင်ဒန် ထပ်မံယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်ကြောင်း ဇနီးသည်ဖြစ်သူ ဂျေးဘိုင်ဒန်ပြော
Pika (NSS) - ဇွန် ၁၇
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် အသက်အရွယ်နှင့်ပတ်သက်ပြီး ဝေဖန်မှုများကိုခံနေရသော်လည်း လာမည့်(၂ဝ၂၄)ခုနှစ် သမ္မတရွေးကောက်ပွဲတွင် တစ်ကျော့ပြန်ဝင်ရောက်အရွေးခံနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်း၏ဇနီးဖြစ်သူ ဂျေးဘိုင်ဒန်က ပြောကြားခဲ့သည်။
ဂျေးဘိုင်ဒန်က"ဂျိုးဘိုင်ဒန်ဟာ အသက်(၄ဝ)အရွယ်ထက် ပိုပြီးသန်မာတဲ့အခြေအနေမှာရှိတယ်ဆိုတာကို အားလုံးလည်းသိကြမှာပါ။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း သူလုပ်ခဲ့သမျှတွေ အားလုံးကို ပြန်ကြည့်လိုက်ပါ"ဟုပြောဆိုခဲ့သည်။
အသက်(၈ဝ)အရွယ် ဂျိုးဘိုင်ဒန်သည် အသက်အကြီးဆုံးသမ္မတအဖြစ် မှတ်တမ်းဝင်နေပြီး (၂ဝ၂၄)ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပြန်လည်ဝင်ရောက်အရွေးခံရမည်ဆိုပါက အသက်(၈၂)နှစ်အရွယ်ရှိနေပြီဖြစ်သည်။ လာမည့်သမ္မတရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံရန် စီစဉ်နေသော ဂျိုးဘိုင်ဒန်သည် ၎င်း၏အသက်အရွယ်နှင့် ပတ်သက်ပြီး ဝေဖန်မှုများကို ဆက်တိုက်ရင်ဆိုင်နေရကြောင်းသိရသည်။ ဂျိုးဘိုင်ဒန်သည် သမ္မတအဖြစ် တာဝန်ယူချိန်မှစတင်ပြီး အမှားအယွင်းများစွာလုပ်ခဲ့ပြီး စကားပြောဆိုမှု အမှားများရှိခဲ့ခြင်းကြောင့် နိုင်ငံအုပ်ချုပ်မှုအပေါ် မေးခွန်းထုတ်စရာများရှိလာခဲ့ကြောင်းသိရသည်။
သို့သော်လည်း ဂျိုးဘိုင်ဒန်၏ ဆရာဝန်များက ၎င်းသည် ကျန်းမာသောအခြေအနေတွင် ရှိနေကြောင်းပြောဆိုထားကြသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ မိသားစုအပေါ် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ဝေဖန်တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး နားမထောင်ကြရန်မိသားစုဝင်များကို ပြောထားကြောင်း ဂျေးဘိုင်ဒန်ကပြောကြားခဲ့သည်။ ဂျိုးဘိုင်ဒန်၏ မိသားစုသည် အကျင့်ပျက်ခြစားမှုများရှိသည်ဟု ဒေါ်နယ်ထရမ့်ကစွပ်စွဲပြောဆိုခဲ့ပြီး ရီပတ်ဘလစ်ကန်အမတ်များသည် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ဂျိုးဘိုင်ဒန်မိသားစု၏ လုပ်ဆောင်မှုများကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
ဂျေးဘိုင်ဒန်က"ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒန်တို့ရဲ့ အုပ်ချုပ်မှုက လုံးဝကွဲပြားပါတယ်။ ဒီနိုင်ငံက အုပ်ချုပ်မှုဟာ ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေတယ်လို့ ကျွန်မထင်ပါတယ်"ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ တရုတ်ခရီးစဉ်သည် နှစ်နိုင်ငံကြားအထင်အမြင်လွဲမှားမှုများကို ဖြေရှင်းနိုင်ရန်အတွက်ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ