ကလေးမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်းကို PDF အဖွဲ့က Drone ဖြင့် ဗုံးပစ်ချတိုက်ခိုက်
သန့်ဇင် (NSS)- ဇွန် ၁၃
ကျောင်းသား၊ကျောင်းသူ (၁၂၆)ဦး ပညာသင်ယူနေသည့် အခြေခံပညာအလယ်တန်းကျောင်းကို PDF အဖွဲ့မှ Drone ဖြင့်ပစ်ချတိုက်ခိုက်မှု ကလေးမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော ဇွန်လ ၁ဝ ရက်၊ နံနက် ၉ နာရီခွဲ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ နယ်၊ ကြံသာကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းကို PDF အကြမ်းဖက်အဖွဲ့မှ Drone ယာဉ်အသုံးပြု၍ Drop Bomb (၂)လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့တိုက်ခိုက်မှုကြောင့် ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း အမိုသွပ်ပြား ၃ဝ ချပ်နှင့် ပြတင်းပေါက်မှန် ၃ ချပ် အပါအဝင် ကျောင်းတွင်းပစ္စည်းအချို့ ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါကျောင်း၌ ကျောင်းဆရာ၊ ဆရာမ (၉)ဦးက ကျောင်းသား၊ ကျောင်သူ (၁၂၆)ဦးကို ပညာသင်ကြားပေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့တိုက်ခိုက်ခံရသော ကြံသာကျေးရွာ အလယ်တန်းကျောင်းနှင့်ပက်သက်၍ ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် အမေရိကန်ဒေါ်လာ (၁)သိန်းခန့်တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများကို တရုတ်အစိုးရက လှူဒါန်း
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း