အင်္ဂလန်ဘောလုံးလောကတွင် ဆုဖလားသုံးလုံးရယူနိုင်သော ဒုတိယမြောက်နည်းပြ ဖြစ်ရသည့်အတွက် ဂုဏ်ယူကြောင်း နည်းပြဂွါဒီယိုလာပြော
Pika (NSS) - ဇွန် ၁၁
မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားသုံးလုံးကို ရယူနိုင်ခဲ့ခြင်းကြောင့် မန်ယူအသင်း နည်းပြဖာဂူဆန်၏ အောင်မြင်မှုနှင့်ညီမျှသော အဆင့်အတန်းကိုရောက်ရှိခဲ့သည့်အတွက် ဂုဏ်ယူမိကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာ က ပြောကြားခဲ့သည်။
မန်ယူအသင်းဟောင်း နည်းပြဖာဂူဆန်သည် (၁၉၉၈-၁၉၉၉) ဘောလုံးရာသီတွင် မန်ယူအသင်းနှင့်အတူ ဆုဖလား သုံးလုံးရယူနိုင်ခဲ့ပြီး မန်စီးတီးနည်းပြဂွါဒီယိုလာသည် ဖာဂူဆန်ပြီးလျှင် အင်္ဂလိပ်ဘောလုံးလောကတွင် ဖလားသုံးလုံးရယူနိုင်ခဲ့သည့် ဒုတိယမြောက်နည်းပြဖြစ်လာခဲ့ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ဇွန်လ(၁ဝ)ရက် ညက အင်တာမီလန်အသင်းနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် (၁)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီး ဆုဖလားသုံးလုံး ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မန်စီးတီးအသင်းသည် (၁၉၉၈-၁၉၉၉)ခုနှစ်နောက်ပိုင်း မန်ယူအသင်းပြီးလျှင် ဖလားသုံးလုံး ရယူနိုင်သည့် ဒုတိယမြောက်အသင်းဖြစ်လာခဲ့သည်။
မန်ယူအသင်းနည်းပြဟောင်းကဲ့သို့ တစ်ရာသီအတွင်း ပရီးမီးယားလိဂ်ဖလား၊ FA ဖလား နှင့် ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားသုံးလုံး ဆွတ်ခူးနိုင်သည့်အတွက် ဂုဏ်ယူမိကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာ က ပြောဆိုခဲ့ သည်။
ဂွါဒီယိုလာ က "ဒီ ဆုဖလားသုံးလုံးနဲ့အတူ ဘတ်စ်ကားပေါ်တက်ဖို့ မစောင့်နိုင်တော့ပါဘူး။ ဖာဂူဆန် ဆွတ်ခူးနိုင်ခဲ့ သလိုမျိုး ဆွတ်ခူးနိုင်တာဟာ ဂုဏ်ယူစရာပါပဲ။ ဒီနေ့ မနက်မှာပဲ ကျွန်တော့်အတွက် ဂုဏ်ယူတယ်ဆိုတဲ့ စာတစ်စောင်ကို ဖာဂူဆန်က ပေးပို့ခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။
နည်းပြဂွါဒီယိုလာသည် မန်စီးတီးအသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ခြင်းကြောင့် နည်းပြဘဝအတွင်း ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်ရယူနိုင်သော နည်းပြအဖြစ် သမိုင်းမှတ်တမ်းရေးထိုးနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီ ရယူနိုင်ခဲ့ဖူးသော ချန်ပီယံလိဂ်ဖလားစံချိန်ကို လိုက်မှီရန် လိုအပ်နေသေးကြောင်း သိရသည်။ မန်စီးတီးနည်းပြဂွါဒီယိုလာသည် ဘာစီလိုနာအသင်းနည်းပြအဖြစ် တာဝန်ယူခဲ့သော (၂ဝဝ၉)ခုနှစ်တွင် ချန်ပီယံလိဂ်ဖလား အပါအဝင် တစ်ရာသီအတွင်း ဖလားသုံးလုံး ရယူနိုင်ခဲ့ဖူးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီလွန်မတ်၏ တွစ်တာကုမ္ပဏီကို ယှဉ်ပြိုင်မည့် အပ်ပ်တစ်ခုကို Meta ကုမ္ပဏီ ထုတ်ဖော်ပြသ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း