အီလွန်မတ်၏ တွစ်တာကုမ္ပဏီကို ယှဉ်ပြိုင်မည့် အပ်ပ်တစ်ခုကို Meta ကုမ္ပဏီ ထုတ်ဖော်ပြသ
Pika (NSS) - ဇွန် ၁၁
Facebook ၏ မိခင်ကုမ္ပဏီဖြစ်သော Meta ကုမ္ပဏီသည် ဆိုရှယ်မီဒီယာကုမ္ပဏီတစ်ခုဖြစ်သော တွစ်တာနှင့် ယှဉ်ပြိုင်ရန်အတွက် အင်စတာဂရမ်မှတစ်ဆင့် ဖြန့်ချိမည့် သီးသန့်အပ်ပ်တစ်ခုကို ထုတ်ဖော်ပြသခဲ့ကြောင်း Wall Street Journal နှင့် The Verge သတင်းစာတို့၏ ဖော်ပြချက်အရ သိရသည်။
Meta ကုမ္ပဏီ၏ ထုတ်ကုန်အရာရှိချုပ် ခရစ်ကော့ဇ်က အဆိုပါအပ်ပ်သည် တွစ်တာကို ယှဉ်ပြိုင်မည့် Meta ကုမ္ပဏီ၏ တုံ့ပြန်မှုဟုတစ်ခုဟု ခေါ်ဆိုခဲ့ပြီး အစည်းအဝေးတစ်ခုအတွင်း ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါအပ်ပ်သည် အင်စတာဂရမ်ကို အခြေခံထားပြီး ဆိုရှယ်မီဒီယာပရိုတိုကော ActivityPub နှင့် ပေါင်းစပ်မည့် အပ်ပ်တစ်ခုဖြစ်ကြောင်း သိရသည်။ ခရစ်ကော့ဇ် က "ဖြန့်ကျက်မှုနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချစွာ မှီခိုအားထား နိုင်တဲ့ ပလက်ဖောင်းတစ်ခုရှိဖို့ ဖန်တီးသူတွေနဲ့ အများပြည်သူတွေက စိတ်ဝင်စားနေတယ်ဆိုတာ ကြားသိရပါ တယ်" ဟု ပြောဆိုခဲ့သည်။
အဆိုပါအပ်ပ်အတွက် ကုမ္ပဏီ၏ရည်မှန်းချက်မှာ ဘေးကင်းမှု၊အသုံးပြုရလွယ်ကူမှု၊ ယုံကြည်စိတ်ချရမှု နှင့် အသုံးပြုသူများ များပြားလာရန်အတွက် ဖြစ်ကြောင်းခရစ်ကော့ဇ်က မှတ်ချက်ပြုပြောဆိုခဲ့သည်။ Meta ကုမ္ပဏီ သည် အဆိုပါအပ်ပ်ကို အသုံးပြုရန် ကတိပြုထားသော နာမည်ကျော်ကြားသူများနှင့်ဆွေးနွေးနေပြီး DJ Slime၊ ရုပ်သံထုတ်လုပ်သူ Oprah Winfrey၊Dalai Lama တို့ အပါအဝင် အခြားသူများနှင့် ဆွေးနွေးနေဆဲဖြစ်ကြောင်း ခရစ်ကော့ဇ်က ထောက်ပြပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားကို ဒရုန်းများ ထောက်ပံ့ပေးခြင်းအတွက် အကျိုးဆက်များရင်ဆိုင်ရမည်ဟု အီရန်ကို ပြင်သစ် သတိပေး
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း