ရုရှားစစ်တပ်မှာ ပါဝင်တာဝန်ထမ်းဆောင်ဖို့ စာရင်းပေးသွင်းသူအရေအတွက် ပိုမိုများပြားလာဟု ရုရှားစစ်ဘက် ပြော
ဂျန်ဇက် (NP News) - ဇွန် ၁၁
ရုရှားစစ်တပ်မှာ စေတနာဝန်ထမ်း လုပ်အားပေးအဖြစ် ပါဝင်တာဝန်ထမ်းဆောင်ဖို့ စာရင်းပေးထားသူ အရေအတွက်ဟာ ပိုမိုများပြားလာနေကြောင်း ရုရှားစစ်ဘက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
စစ်တပ်အနေနဲ့ ပါဝင်ဖို့ စာရင်းပေးသူအရေအတွက်ဟာ ရုရှားလူအဖွဲ့အစည်းအတွင်း စုစည်းညီညွှတ်မှု ပိုမိုကောင်းမွန်လာခြင်းကို ပြသလိုက်တာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး နီကိုလိုင်း ပန်ကောဗ့် က ပြောပါတယ်။
၎င်းက "နောက်ဆုံး ၁ဝ ရက်အတွင်း ရုရှားစစ်တပ်မှာ စေတနာဝန်ထမ်းအဖြစ် ပါဝင်ဖို့ စာရင်းပေးထားသူ အရေအတွက်ဟာ ၁၃၆၆၄ ဦးအထိ ရှိခဲ့တယ်။ အဲဒီအရေအတွက်ဟာ ဧပြီလမှာ စာရင်းပေးထားသူအရေအတွက်နဲ့ နှိုင်းယှဉ်ရင် ၃ ဒသမ ၁ ဆတိုးမြင့်လာခဲ့တယ်" လို့ ပြောပါတယ်။
ရုရှားသမ္မတဟောင်း မက်ဗီဒက်က ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလနောက်ပိုင်းကတည်းက ရုရှားစစ်တပ်မှာ ပါဝင်ဖို့ စာရင်း ပေးထားသူအရေအတွက်ဟာ ၁၁၇၄ဝဝ ဦးအထိရှိနေကြောင်း ပြီးခဲ့တဲ့လမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရုရှားစစ်တပ်မှာ ပါဝင်ဖို့ စာရင်းပေးသွင်းသူအရေအတွက်များလာခြင်းကြောင့် နောက်ထပ် စည်းရုံးစရာမလိုတော့ ကြောင်း ရုရှားအစိုးရတာဝန်ရှိသူများ က ပြောပါတယ်။ ရုရှားအစိုးရဟာ ယူကရိန်းနဲ့ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်မှာ ပါဝင်ဖို့စေတနာ ဝန်ထမ်းတပ်ဖွဲ့ဝင်အရေအတွက် ၃ သိန်းအထိ ခေါ်ယူခဲ့ပြီး စစ်တပ် တပ်ရင်းပေါင်း ၂၈ဝ ကျော်အထိ တိုးချဲ့ခဲ့ရကြောင်း သိရပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်တပ်မှာ စေတနာဝန်ထမ်းအဖြစ် ပါဝင်ဖို့ စာရင်းပေးသွင်းထားသူများနဲ့ ပတ်သက်ပြီး မိသားစုများကိုခံစားခွင့်များရရှိစေဖို့လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ပေးသွားမှာဖြစ် ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ရုရှားစစ်တပ်မှာ စေတနာဝန်ထမ်းအဖြစ် တာဝန်ယူနေသူများထဲမှ ဆက်လက်တာဝန်ထမ်းဆောင်လိုသူများကို စစ်တပ်မှာစာချုပ်နဲ့ ခန့်အပ်သွားဖို့ အစီအစဉ်များရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်တိုင်း၌ ငွေကျပ်သိန်း (၇ဝဝဝ)နီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ