ရန်ကုန်တိုင်း၌ ငွေကျပ်သိန်း (၇ဝဝဝ)နီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Pearl (NP News) - ဇွန် ၁၁
ရန်ကုန်တိုင်း၌ ငွေကျပ်သိန်း (၇ဝဝဝ)နီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၆ ရက်၊ နံနက် ၁ဝ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ဈေးအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဈေးအနီးတွင် ငြိမ်းချမ်းအောင် (ခ) တူးတူးအား ရေခဲဖော့ပုံးနှင့်အတူ တွေ့ရှိခဲ့သဖြင့် ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
ထိုသို့ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဖော့ပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁ ဒသမ ၅)သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ဆေးဖော်ထုတ်ချက်အရ ညနေ(၅)နာရီ အချိန်ခန့်တွင် မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးခြံရှိ သိမ်းဆည်းရမိသောဆေးပြားများပိုင်ရှင် စိုင်းဇော်ဦး (ခ)ကိုစိုင်း၏ အဆောက် အဦးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၅ ဒသမ ၃)သိန်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
ဖြစ်စဉ်တွင် ကာလတန်ဖိုးငွေကျပ် သိန်း (၆၈ဝဝ)တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြား (၆ ဒသမ ၈)သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သရုပ်ဆောင် မေပန်းချီ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅(က)ဖြင့် ထောင်ဒဏ် (၃)နှစ် ချမှတ်ခံရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း